Part-7

1K 105 9
                                    

"ထူးခြားရေ.....သွားမယ် "

"ထူးထူး....ဒီကောင်က"

ညီသုတ တယောက် လင်းထိုက်ကို လက်ညှိုး တထိုးထိုးဖြင့်

"မနေ့က...ငါ့အိမ်မှာ အိပ်တာ...အ့ဒါခု ကျောင်းတူတူသွား...."

"ဘာာ.... "

" လန့်လိုက်တာကွာ....ဖြေးဖြေးပြောပါ...."

"အေးလေ...."

ထူးခြားစကားကို လင်းထိုက်က ဝင်ထောက်ခံလိုက်သည် ။

"ဟိုကောင် မင်းဝင်မပြောနဲ့ "

"ထူးခြား....မင်းဒီကို ခဏလာစမ်း"

ညီသုတ တယောက် ထူးခြားကို လင်းထိုက်နှင့် ခပ်လှမ်းလှမ်းနေရာခေါ်သွားပြီး

"မင်း ဘယ်လိုဖြစ်တာလဲ....နေမကောင်းတော့ ရူးသွားတာလား...ဒါမှမဟုတ် အဲ့ကောင် ဆေးလုပ်လိုက်တာလား ငါ့သူငယ်ချင်း ဘာဖြစ်သွားတာလဲ "

ညီသုတ ပါးစပ်ကလဲ တတွတ်တွတ်ပြောရင်း လက်ကလဲ ထူးခြား ကိုယ်အနှံ လိုက်စမ်း၍ မျက်နှာကလဲ တကယ်စိတ်ပူနေတဲ့ပုံ ။

"ကျစ်....."

"ငါက ဘာဖြစ်ရမှာလဲ ရူးနေတာကမှ မင်း....ဘာတွေလာပြောနေတာလဲ..ဖယ်စမ်း ကျောင်းသွားရမယ် "

"မင်း အဲ့ကောင်နဲ့မတည့်ဖူးလေ မင်းဖျားတာ သူ့ကြောင့်လေ... ဟိုနေ့ကတောင် မင်းတို့ ရန်အကြီးကျယ်ဖြစ်တယ်လေ ...မင်းအတိတ်တွေ ဘာတွေ မေ့ကုန်တာလဲဟင်"

"ဘာမှမမေ့ဖူး...ငါအကုန်သိတယ်...အ့ကိစ္စက မတော်တဆဖြစ်တာ သူတမင်လုပ်တာမဟုတ်ဖူး... ငါ့ကိုလဲ သူတောင်းပန်ပြီးပြီ...ခုငါတို့ သူငယ်ချင်းဖြစ်သွားပြီ...မင်းလဲ သူနဲ့တည့်အောင်ပေါင်း"

"ဘာ မတော်တဆလဲ အဲ့ကောင် ကလိမ်ကကျစ် ငါကိုယ်တိုင်တွေ့တာ.... နောက်သူတောင်းပန်တာနဲ့ မင်းကသူငယ်ချင်းလွယ်လွယ် ဖြစ်ရလား"

"ကဲ မင်းသိပ်ပြောချင် တယောက်ထဲ နေပြီး အ့မှာ အ့ဒီအုန်းပင်ကိုကြည့်ပြီး ငါလို့စိတ်ထဲကမှတ်ပြီး ပြောပေတော့ ငါတို့ကတော့သွားပြီ "

"ကဲ...လာ လင်းထိုက် သွားမယ် "

တောက်ခ်

ညီသုတ သူ့အရှေ့က စက်ဘီးတစီးနဲ့ ထွက်သွားသော ထူးခြားနဲ့လင်းထိုက်ကို ကြည့်ရင်း ဒေါသထွက်လာပြီး လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသည် ။

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن