Part-27

1K 101 15
                                    

မှောင်မဲနေတဲ့နေရာတခု အလင်းရောင်တစွန်းတစတောင်မမြင်ရတဲ့ နေရာတခု။
ဒါဘယ်နေရာများလဲ။ ငါ့ဘယ်ရောက်နေတာလဲ။
ဘယ်ကိုရောက်နေမှန်းမသိ ဘယ်ကိုသွားရမှန်းမသိ အမှောင်ထဲလျှောက်ကြည့်မိနေတုန်း တေးသံလွင်လွင်နဲ့ အတူအရှေ့နားခပ်လှမ်းလှမ်းက အလင်းဖြာထွက်လာလေသည်။
အလင်းဖြာထွက်ရာနေရာမှ လူတယောက်ကျောပေးရပ်နေသည်ကို ထူးခြားမြင်လိုက်ရသည်။
ဒါဘယ်သူပါလိမ့်။ ပါးပါးလား။

"ပါးပါး"

ခေါ်လိုက်သည်နှင့် အနောက်ဘက်ကို တခြမ်းစောင်းငဲ့လာသည်။

"ဟင် လင်းထိုက်"

လင်းထိုက်က ဘယ်လိုဒီရောက်နေတာလဲ။ သူကရောဘာလို့ဒီရောက်နေတာလဲ။ဒါကရော ဘယ်နေရာလဲ။ တေးသံလွင်လွင်က ရှေ့တိုးဖို့ ဆွဲဆောင်နေသယောင်ထင်ရ၍ သူ သိချင်ဇောနဲ့ ရှေ့တိုးသွားလိုက်မိသည်။ တလှမ်း နှစ်လှမ်း ခြေလှမ်းပေါင်းများစွာလှမ်းသည့်တိုင် လင်းထိုက်ဆီမရောက်ပေ။ သိပ် မကွာဝေးလှတဲ့အနေထားထင်ရပေမဲ့ ခြေလှမ်းပေါင်းများစွာ လှမ်းသည့်တိုင် တိုင် မရောက်။ လင်းထိုက်နဲ့သူရဲ့အနေထားက လပြည့်ညမှာ ကောင်းကင်အောက်ကနေ လကို ဖမ်းစုပ်ဖို့ကြိုးစားနေတဲ့ ရူးမိုက်သည့်သူလိုပင်။ နီးနီးလေးထင်ရပေမဲ့ တကယ်တမ်းဖမ်းစုပ်ဖို့ကမဖြစ်နိုင်။
မခံစားနိုင်သည့်အဆုံး ခပ်မြန်မြန်ပြေးသွားလိုက်တော့ အလင်းရောင်နဲ့ အတူ တစတစနှင့် အပြီးတိုင်ပျောက်ကွယ်သွားသည့် လင်းထိုက်၏ အရိပ်အခိုးငွေ့။
ဒါ ဘယ်လိုအခြေနေမျိုးလဲ။ လင်းထိုက် က ဘယ်ရောက်သွားတာလဲ။

"လင်းထိုက် လင်းထိုက်"

တစာစာခေါ်သည့်တိုင် ပြန်မပေါ်လာသည့်အပြင် အသံပင်မကြားရတော့။
ဘာတွေလဲ။ ဘာတွေလဲကွာ။ မြေကြီးလို့ထင်ရတဲ့ပေါ်ကို ဒူးနှစ်ဖက် ပစ်ချရင်း ရင်ကွဲမတတ်အော်မိသည်နှင့်

"ပိုင်လေး ပိုင်လေး....."

"ဟင်း... "

မျက်လုံးအစုံကိုဖွင့်လိုက်မှ အလင်းတန်းကြားထဲက ထိုးထွက်ပြီး အုပ်မိုးထားတဲ့ လင်းထိုက်။

"ဘာဖြစ်တာလဲ ပိုင်လေး ရော့ ရေသောက်လိုက်ဦး တကိုယ်လုံးလဲ ချွေးတွေကြီးဘဲ"

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن