Part-4

1.1K 113 3
                                    

"ဘာာ.... "

"မင်းက ဘာကိစ္စ ဒီမှာ အိပ်မှာလဲ "

"မင်းအဖေနဲ့ အမေက အပြင်သွားတယ်လေ အိမ်မှာ မရှိဖူးလေ အ့ဒါကြောင့် ငါက မင်း
ဖျားနေတော့ ကြည့်ပေးမဲ့လူမရှိ.... "

"မလိုဖူး ရတယ် ငါ နေပြန်ကောင်းနေပြီ
စောင့်ပေးစရာ မလိုဖူး ပြန်တော့ "

လင်းထိုက် မှာ စကားမဆုံးခင် ဖြတ်ပြောခံရတာရော စေတနာအစော်ကားခံရတာရော မောင်းပါ အထုတ်ခံရတော့ ဒေါသထွက်လေတော့သည် ။

"သူ့ အိမ်မှာ နေချင်လွန်းလို့များထင်နေလား မသိဖူး ကိုယ့်အပစ်နဲ့ကိုယ့်မို့ ငြိမ်ခံနေတာ အကောင်းမှတ်နေတယ် ငါနော် သည်းခံ လင်းထိုက် သည်းခံ သည်းခံ "

" မင်း နေကောင်းလဲ အိမ်မှာ လူမရှိဖူးလေ တခုခုဆို ဘယ်လိုလုပ်မလဲ "

"ကြီးငယ်တို့ရှိတာဘဲ နောက် အိမ်အကူတွေလဲ
ရှိတယ် "

"ဒါပေမဲ့ မင်းနားမှာ အနီးကပ် လူတယောက်တော့ လိုတယ်လေကွာ "

"မလိုဖူးကွာ မင်းနဲ့ငါက ရွယ်တူဘဲ မင်းစောင့်ရှောက်ပေးစရာ မလိုဖူး "

"အ့လောက်တောင် ဖြစ်နေလဲ သဘောဘဲ
ငါပြန်ပြီ "

"ကြွ ကြွ "

"အော် ဟို ငါတခု တောင်းပန်မလို့ "

ဘာလဲ ဆိုတဲ့ပုံစံနှင့် ထူးခြားက မေးဆပ်
ပြသည် ။

" ဟိုနေ့က ကိစ္စက ငါမရည်ရွယ်ဖူး ငါက
ဒီတိုင်းပြောလိုက်တာ မင်းဒီလောက် ဖြစ်မယ် မထင်ဖူး sorryကွာ "

"ရတယ် ငါက ယောက်ျားစစ်စစ်ဆိုတော့ အမှတ်သည်းခြေ မထားတတ်ဖူး သဘောထားကြီး
တယ် ခွင့်လွှတ်တတ်တယ် "

"ခွေးသား"

လင်းထိုက် စိတ်ထဲက ကြိတ်ကျိန်ဆဲလိုက်မိသည် ။

" ဒါဘဲမလား ပြန်တော့ "

ထူးခြား ပြောပြီးသည်နှင့် လင်းထိုက်ကို အတင်း အခန်းဝ တွန်းထုတ်တော့သည် ။

အခန်းဝ ရောက်ရောက်ချင်း တဖက်ခန်းက
ကြီးငယ်ထွက်လာသည်နှင့်ဆုံ၍

" အော် သား လင်းထိုက် ရောက်နေတာလား
ကြီးငယ် တောင် မသိလိုက်ဖူးကွယ် "

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن