"ငါ...ငါ... အိမ်ထဲ မဝင်ချင်ဖူး"
"ဟင်းးး... "
"ငါ့ကို ဒီကနေ အဝေးဆုံးတနေရာကို ခေါ်သွားပေးပါလား လင်းထိုက်"
"အင်းးး မင်းစိတ်ချမ်းသာမယ်ဆို ငါဘယ်နေရာဖြစ်ဖြစ် ခေါ်သွားပေးမယ် "
လင်းထိုက် ထူးခြားကို သူ့အိမ်ကို ခေါ်ခဲ့သည် ။
"ဒါ ငါ့အိမ် မင်းလွတ်လွတ်လပ်လပ် နေလို့ရတယ် အိမ်မှာ ဘယ်သူမှမရှိဖူး "
"မင်းအဖေရော.."
"ငါ့အဖေက အလုပ်ကိစ္စ ခရီးသွားနေတာ တလကျော်ပြီ ပြန်မလာသေးဖူး မင်းအဖေရဲ့အလုပ်နဲ့ပတ်သက်တာထင်တယ် "
လင်းထိုက် စကားထဲ ထူးခြားအဖေ ပါလာတာနဲ့ ထူးခြားမျက်နှာ သိသိသာသာ ပျက်သွားသည် ။ ဒါကို သတိထားမိသော လင်းထိုက်က
"မင်း ဗိုက်ဆာနေရောပေါ့ ဘာစားမလဲ ပြော ငါ လုပ်ပေးမယ် "
"ငါ မားမားနဲ့ မလိုက်သွားချင်ဖူး"
ထူးခြားရဲ့ စကားကြောင့် နေရာမှထရန်ပြင်နေသော လင်းထိုက် ရပ်တန့်သွားသည် ။ ထူးခြားကို ကြည့်မိတော့ ကျောက်ရုပ်တရုပ်လိုပင် ။
"မားမားနဲ့ ငါလိုက်သွားရင် ငါ့အဖေရဲ့နောက်မိန်းမနဲ့ သူ့ကလေးက အိမ်ပေါ်ထိတက်လာပြီး ငါတို့နေရာအပြည့်အဝ ယူသွားမှာ ငါလွယ်လွယ်နဲ့ ငါ့နေရာကို သူများကို မပေးချင်ဖူး "
"မင်း မသွားချင်ရင် မင်းအမေကို ရှင်းပြပေါ့ "
"ငါ မင်းတို့နဲ့လဲ မခွဲနိုင်ဖူး"
ထူးခြားပြောလိုက်သော မင်းတို့ဆိုတဲ့ စကားက လင်းထိုက်တို့ သူငယ်ချင်း အကုန်ကို ရည်ရွယ်မှန်း လင်းထိုက် သိသည်။ ဒါပေမဲ့ ဘယ်ဘက်ရင်အုံ တနေရာက အကြောင်းရင်းမရှိ လှုပ်ခတ်သွားသည် ။
"ငါ့မားမားအကြောင်း ငါအသိဆုံး သူကဆုံးဖြတ်ပြီးရင် ပြန်ပြင်တတ်တဲ့သူမျိုး မဟုတ်ဖူး"
"မင်း အခု ခဏလေး ဒါတွေ မတွေးဘဲ နေကြည့်ပါလား ငါကတိပေးတယ် ဒီနေ့တရက် ငါမင်းကို အပျော်ဆုံး ဖြစ်အောင် ထားပေးမယ်လို့ "
"တကယ်လား.."
"မယုံတာလား"
"မင်းလိုကောင်ကို ယုံတာ အရူးဘဲ ရှိမယ် "
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Romanceရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...