Part-17

961 90 5
                                    

"သားထူး ကုမ္ပဏီမှာ အဆင်ပြေရဲ့လား"

"အင်း ပြေပါတယ်"

"လင်းထိုက်နဲ့ရော"

"ကျတော်တို့ စကားပြောချိန် သူ့အကြောင်း မပြောလို့ ရမလား"

"သားရယ် အဖြစ်ပျက်တွေကကြာခဲ့ပြီ ခုချိန်ထိ လင်းထိုက်အပေါ် အထင်မြင်လွဲတုန်းလား တကယ်ဆို အပစ်ရှိတာ အဖေပါ လင်းထိုက်နဲ့မှ မဆိုင်တာ သားရယ်"

"ဟက် အဖြစ်ပျက်တွေကကြာတိုင်း သားကမေ့ရမှာလား သူ့မျက်နှာမြင်တိုင်း မားမားဆေးရုံပေါ်မှာ စိတ်ဆင်းရဲပြီး သေခဲ့ရတာဘဲမြင်နေရတယ် သားကတော့ သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဖူး နောက်ပြီး အဖေကိုရောပေါ့ "

ထူးခြား ပြောချင်တာပြောပြီး နေရာက ထထွက်သွားသည် ။

"သားထူး သားထူး"

"ပါးပါး ဆေးသောက်ပြီးပြီလား"

"အော် သားလင်းထိုက်"

"မသောက်ရသေးဖူးမလား ဂရုစိုက်ပါ ပါးပါးရယ် ဆေးကပုံမှန်သောက်မှပေါ့ ဆရာဝန်မှာထားတာကို"

"အေးပါ သားရယ် "

ဦးကျော်ထင် လင်းထိုက် ပေးတဲ့ဆေးနဲ့ ရေခွက်ယူပြီး ဆေးသောက်လိုက်သည်။

"ဟင်းး သားထူးသာ ပါးပါးအပေါ် သားလောက် ကောင်းရင် သေပျော်ပါပြီသားရယ်"

"ဟာ ပါးပါးကလဲ ဘာတွေပြောနေတာလဲ ပါးပါးက အသက်ရှည်ရှည်နေရမှာ "

လင်းထိုက် ပြောပြီးသည်နှင့် ရှိုက်ငိုနေသော ဦးကျော်ထင်ကို ထွေးပွေ့ထားမိသည်။

"ပါးပါးရယ် သားဖေဖေကြောင့် ပါးပါးခုလိုတွေ ဖြစ်တာတောင် ပါးပါး ဘယ်တော့မှ နောင်တမရမှန်း သားသိပါတယ် ဖေဖေက သိပ်ကံကောင်းတာဘဲ လောကကြီးမှမရှိတော့တာတောင် အသက်ထပ်မကချစ်ပေးတဲ့သူရှိတယ် "

....................................

"MD presentation  အတွက် ဝန်ထမ်းအကုန် အဆင်သင့်ဖြစ်ပြီ "

"အင်း ဟုတ်ပြီ ငါပြန်ပြောမယ်"

ထူးခြား လင်းထိုက် ထွက်သွားပြီးသည်နှင့် ညီသုတ အလုပ်စားပွဲသို့ လျှောက်သွားလိုက်သည်။

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن