Part-13

932 82 1
                                    

"နွယ် ကိုယ်တို့ လမ်းခွဲရအောင် "

ကျော်ထင်  နွယ်နီကို လမ်းခွဲဖို့စကားပြောရင် နွယ်နီ တုန်လှုပ်ပြီး သူ့ကို လမ်းမခွဲဖို့ ပြောမယ် ထင်ခဲ့တာ ။ ဒါပေမဲ့

"အင်းးး... "

"နွယ် မအံ့သြဖူးလား ကိုယ်ဘာကြောင့် လမ်းခွဲလဲ နွယ် မမေးတော့ဖူးလား"

"ဘာအံသြစရာရှိလဲ ဒါတွေဖြစ်လာမယ်ဆိုတာ ကျမ ကြိုသိခဲ့ပြီးသားဘဲ မောင် ကျမကိုလမ်းခွဲလဲ ကျမ ဂရုမစိုက်ဖူး မောင် ကျမကို မချစ်လဲ ကျမဂရုမစိုက်ဖူး ကျမဂရုစိုက်တာ မောင့်ကိုပိုင်ဆိုင်ဖို့နဲ့ မောင်နဲ့အမြန်ဆုံး လက်ထပ်ဖို့ဘဲ"

"နွယ်"

"နွယ် ဘာမှမသိချင်ဖူး မောင် မောင် ကျမ မဟုတ်တဲ့ ဘယ်သူကို ချစ်ချစ် ကျမ စိတ်မဝင်စားဖူး အဲ့အတွက် မသိချင်ဖူး"

"ဒါပေအဲ့ နွယ်သိသင့်တယ်လို့ မောင်ထင်တယ် မောင် ချစ်တာ ငယ်လေးကို ငယ်လေးကိုဘဲ မောင် လက်ထပ်ချင်တယ် ငယ်နဲ့မောင် မခွဲနိုင်ဖူး"

"ဒါက မောင်တို့ကိစ္စပါ မောင် ကျမနောက်ကွယ်မှာ မောင်တို့ ဘာဖြစ်နေနေ ကျမ ဂရုမစိုက်ပေမဲ့ ကျမရှေ့မှာတော့ မောင်တို့ရဲ့ ရွံစရာဇာတ်လမ်းကို စမြှုပ်မပြန်ချင်နဲ့ မောင်"

ကျော်ထင် ဒီကိစ္စပြောသည်အထိကို နွယ်နီဆီက တုန်လှုပ်မှု တစုံတရာ မမြင်ရ။
နွယ်နီ ဘာလို့များ မတုန်မလှုပ်နေနိုင်ရတာလဲ ။

"နွယ် မအံသြဖူးလား "

"မောင်ရယ် နွယ်တို့က ဆွံအ နားမကြား မျက်မမြင်တွေမှ မဟုတ်တာ နွယ်တို့ မျက်စိရှေ့မြင်နေကြားနေတာ ဘာဆိုတာ သိတာပေါ့ ဒါကို နွယ်တင်သိတာ မဟုတ်ဖူး မောင် သူငယ်ချင်းတွေ နွယ်သူငယ်ချင်းတွေ အကုန်သိတယ် "

ဒီတခါ တကယ် အံသြသွားရတာ ကျော်ထင် ဖြစ်သည် ။ သူတို့အခြေနေက ပတ်ဝန်းကျင်တခုလုံး သိရလောက်တဲ့ အထိဖြစ်နေခဲ့တာလား။

"မောင် အံသြနေတာလား မောင်ဆီက ဒီစကားတွေကြားပြီး ကျမ အကြီးကျယ် တုန်လှုပ်သွားမယ် ငိုယိုပြီး တောင်းပန်မယ်လို့ မောင် မျှော်လင့်နေခဲ့တာမလား ကျမက တခြားမိန်းမတွေလို မဟုတ်ဘူး မောင်ရဲ့ ကျမကနွယ်နီပါ နွယ်နီလေ ဟင်းးး ဟင်းးး...  မောင့်ကိုတောင် ကျမရဲ့ချစ်သူဖြစ်အောင် လုပ်နိုင်ခဲ့တာ ကျမ တခြား မလုပ်နိုင်တာ ဘာမှ မရှိဖူးနော် "

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن