"ကြီးငယ်ရေ..... ကြီးငယ် "
"ဟင်းးး.... သားထူး"
ထူးခြားတယောက် မနက်အစောကြီး နိုးနေ၍ ကြီးငယ်တယောက် အံသြရတော့သည်။
"ကြီးငယ်ကလဲ သားကိုတွေ့တာ သရဲတွေ့သလိုဘဲ ဘာလို့လန့်နေတာလဲ "
"မဟုတ်ပါဖူး သားလေးရယ် ကြီးငယ်က အံသြလွန်းလို့ပါ "
"ဘာအံ့သြစရာရှိလို့လဲ... ကြီးငယ်ရဲ့"
"ရှိတာပေါ့ ငါတို့သားထူးလေးက အစောကြီး နိုးနေတာလေ "
"အော် ဒါက သားက ကျောင်းသွားမလို့် စောစော ထတာပါ ကြီးငယ်ရဲ့"
"ဒါဆို ပိုထူးဆန်းသွားပြီ"
"ဘာလို့လဲ"
"သားထူးက ကျောင်းရှိတဲ့ရက်ဆို ကျောင်းရှိလို့ဆိုပြီး ဘယ်တုန်းက အစောကြီးထဖူးလို့လဲ မားမား နှိုးတာတောင် မထတာကို "
မားမားဆိုတာကြားတာနဲ့ ထူးခြားတယောက် မျက်နှာ ပျက်သွားသည်။ ဒါကို သတိထားမိတဲ့ ကြီးငယ်က
"ကဲ သားထူးလေး ပြောပါဦး ကြီးငယ် ဘာလုပ်ပေးရမလဲ ဘာစားမလဲ "
"အော် ဒါနဲ့ ဟိုကလေးရော"
"အ့ဒါပြောမလို့ သားတို့နှစ်ယောက်အတွက် မိချောကို လမ်းထိပ်က ရှမ်းခေါက်ဆွဲ သွားဝယ်ခိုင်းပေး နော် ကြီးငယ်"
"သားက ရှမ်းခေါက်ဆွဲ ကြိုက်လို့လား တခါမှလဲ မစားဖူးဘဲနဲ့ "
ကြီးငယ် စကားကြောင့် ထူးခြား အတန်ငယ်ငြိမ်သွားပြီး
"ဟို.....လင်းထိုက် ကြိုက်တယ်ဆိုလို့"
ထူးခြားပြောပြီး ညက အိပ်ခါနီး လင်းထိုက် ပြောတဲ့စကားကို ပြန် ကြားယောင်ရင်း
"ငါက ရှမ်းခေါက်ဆွဲ အရမ်းကြိုက်တာ ဘယ်နှပွဲဖြစ်ဖြစ် ကုန်အောင် စားနိုင်တယ် "
ထူးခြား တချက်ပြုံးလိုက်သည် ။
"ကြီးငယ်.... "
"သားထူး...ပြော"
"ရှမ်းခေါက်ဆွဲ လုပ်တတ်လား ကြီးငယ်..."
"လုပ်တတ်တာပေါ့ သားရဲ့ ကြီးငယ်က အရင် သားတို့အိမ်မှာ မလုပ်ခင်က ရှမ်းစားသောက်ဆိုင်တခုမှာ အလုပ်လုပ်ဖူးတယ် ရှမ်းအစားအစာနဲ့ ပတ်သက်တာ ကောင်းကောင်းကို လုပ်တတ်တယ် ဘာလို့လဲ သားထူး "
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Romanceရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...