ကလင် ကလင် ကလင်
ကလင် ကလင် ကလင်
"မနက်စောစော ဖုန်း ဘယ်သူလာဆက်နေတာလဲကွာ"
"ဟဲ့ရောင် လင်းထိုက် သွားကိုင်"
"မင်း သွားကိုင်ကွာ ငါအိပ်ချင်သေးတယ် "
"မင်းကအိမ်ရှင်လေ မင်း သွားကိုင်ပါလား"
"ကျစ်....ထားလိုက်ကွာ မကိုင်နဲ့"
လင်းထိုက်ရော ထူးခြားရော ဖုန်းကို ထမကိုင်ချေ။
ကလင် ကလင် ကလင်
ကလင် ကလင် ကလင်
"တော်တော် ဒုက္ခပေးပါလား ဘယ်က ကလေကဝ အုတ်ကြားမြက်ပေါက်က မနက်စောစော သူများ အိမ်ဖုန်းကို လာဆက်နေတာလဲ မသိဖူး"
လင်းထိုက် တယောက် စုံစိအောင် ပြောပြီးမှ ဖုန်းကိုင်လိုက်သည် ။
"ဟယ်လို"
"သားလား"
"ဖေဖေ..."
"သေတော့မှာဘဲ ဘုရား ဘုရား ဖေဖေ ကန်တော့ ကန်တော့ "
"သား ကြားလား"
"ကြားတယ် ဖေဖေ ဘာကိစ္စရှိလို့လဲ"
"သား ခုအိမ်မှာလား"
"ဟုတ် ဖေဖေ သားအိမ်မှာ"
"အေး သားထူးတယောက် မနေ့ကအိမ်ပြန်မလာဖူး ပျောက်နေတယ်ဆိုလို့ မင်းအန်တီနွယ်တို့ စိတ်ပူနေကြတယ် "
"အော် ပိုင်လေး....အယ် ထူးခြားလား ထူးခြားက သားအိမ်မှာလေ ဖေဖေ "
"ဟေးးး ဘယ်လို "
"ဟုတ်တယ် မနေ့က သူကအိမ်မပြန်ချင်ဖူးဆိုလို့ သားခေါ်ထားတာ"
"သားရယ် သူကမပြန်ချင်လဲ သားကချော့ပြောရမှာပေါ့ နောက် သူက အိမ်မှာ အိပ်မယ်ဆိုလဲ သားထူး အဖေနဲ့အမေကို သားဖုန်းဆက်ပြောလေ သူတို့ ဘယ်လောက် စိတ်ပူနေမလဲ မင်းတို့ ကလေးတွေနဲ့တော့ ခက်တယ် "
"မဟုတ်ဖူး ဖေဖေရဲ့ သူကမပြောနဲ့ဆိုလို့ပါ
""ကဲ ထားတော့ ခုချက်ချင်း သား သူ့ကို အိမ်ပြန်ပို့ပေးလိုက် နော် သား "
"ဟုတ် သားသူနိုးတာနဲ့ ပို့ပေးမှာပါ"
"အေး အေး သားဂရုစိုက်ဦး"
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Romanceရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...