Part-30

905 97 6
                                    

အောက် အီး အီး အွတ်
မနက်အစော ကြက်ဖတွန်သံနဲ့အတူ ကြေးစည်ထုသံ ဘုရားရွတ်သံတို့ပါတွဲကြားနေရသည်။
ပျဉ်ချပ်ကာထားတဲ့ အပေါက်မှ ကျိုတို့ကျဲတဲ ကျဆင်းလာတဲ့ နေရောင်က ထူးခြားတို့ အိပ်နေတဲ့အိပ်ယာခင်းပေါ်ဖြာကျလျက်။
ပြတင်းပေါက်ဘေးကပ်လျက်အပင်ပေါ်က ကျးငှက်တွေရဲ့ အသံကြောင့် လင်းထိုက်တယောက် နိုးလာပြီး ဘေးမှာ အိပ်နေသော ထူးခြားဘက်လှည့်ကြည့်မိသည်။
ဒီလိုနေရာမှာနေလေ့နေထ အိပ်လေ့အိပ်ထမရှိတော့ တညလုံး ကျောအောင့်၍ပင်လားမသိ တအိအိတအဲအဲနဲ့တော်တော်ကြာကြာမအိပ်ဘဲ ဂျီကျသေးသည်။ နောက်ဆုံး သီချင်းဆိုပြီး ချော့သိပ်မှ အိပ်တော့သည် ။ခုတော့လဲ အိပ်နေတာ သူ မဟုတ်တဲ့အတိုင်း တုပ်တုပ်တောင်မလှုပ်။
ညကအိပ်တာနောက်ကျထားတော့မနှိုးချင်သေးတာရော ပြင်စရာရှိတာ ကြိုပြင်ရမှာကို ဆိုင်သူမသိစေချင်သေးတာရောကြောင့် ခပ်လျောလျောကျနေတဲ့ ဖျင်စောင်လေးကို ရင်ဘတ်နားထိလုံအောင် ဆွဲတင်ပေးပြီး တိတ်တဆိတ် ထရသည်။
အောက်ဆင်းလာသည်နှင့် ခုံတန်းရှည်ပေါ် မိန့်မိန့်ကြီးထိုင်ပြီး ရွှေဝါရောင် ဆီထမင်းနဲ့ ရေနွေးကြမ်းကို တွဲဖက်သုံးဆောင်နေတဲ့ ရွာမျက်နှာဖုံး သူကြီးဦးကြီးစံ ။
အနောက်မီးဖိုခန်းမှ လုံမကထွက်လာပြီး သူ့ကိုမြင်သည်နှင့် နှုတ်ဆက်ပြီး

"ကိုရဲ ဗိုက်ဆာနေပြီလား လုံမ ပြင်ပေးမယ်နော် ခဏ"

"အော် ရတယ် လုံမလေး...အယ် လုံမ ရတယ် အကို ရေအရင်ချိုးဦးမယ်"

"အော် ဟုတ် ကိုရဲ"

ပါးစပ်က လုံမလေး လို့်ထွက်ပြီးမှ ဟိုဝက်ပေါက်မကြိုက်တာသိ၍ အမြန်ပြန်ပြင်ခေါ်ရသည်။

ရေကတွင်းရေမို့ ကြည်ကြည်နဲ့အေးစိမ့်နေတာကြောင့် ခပ်မြန်မြန်ပက်ချိုးပြီး အိမ်ပေါ်ပြေးတက် အဝတ်စားလဲရသည်။ပိုင်လေးကတော့ နိုးသေးပုံမရ။အိမ်မက်တောင် မက်နေသည်ပုံ။ မျက်နှာက စူလိုက်ပုတ်လိုက် ပါးစပ်ကလဲပွစိပွစိနဲ့။
အဝတ်စား ခပ်မြန်မြန်လဲ၍ ရွာဦးဘုန်းကြီးကျောင်းဘေးက မိဘမဲ့ဂေဟာလေးဆီ ပြေးရသည်။
သူကြီးကို နှုတ်ဆက်ပြီး သွားရန်ပြင်ပြီးမှ လုံမကလိုက်ပို့မည်ပြော၍ ဆိုင်ကယ်အနောက်မှထိုင်၍ လိုက်လာရသည်။သိပ်မဝေးပေမဲ့ ဆိုင်ကယ်နဲ့ကခရီးပိုတွင်တာမို့ လိုက်လာရပေမဲ့ မိန်းကလေးတယောက်မောင်းတဲ့ ဆိုင်ကယ်အနောက်ကတော့ လိုက်မစီးချင်။ အပြန်မှဘဲ ကိုယ်တိုင်မောင်းတော့မယ် ဆုံးဖြတ်ပြီး ကျောင်းဝန်းလေးထဲ ဝင်လာလိုက်သည်။
ကျောင်းထဲဝင်လိုက်သည်နှင့်

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن