ထူးခြား ဒေါသထွက်နေသည့်ကြားမှ မင်းခဖုန်းကိုပြန်ခေါ်လိုက်သည်။
"မင်းခ ငါသေချာမြင်ချင်တယ်"
"ဘယ်လိုမျိုးလဲ.."
"အနီးကပ်ကွာ..."
"မိသွားရင်ကော.. "
"မမိအောင်လုပ်လေ "
"စိတ်ချပါ ကျတော်လုပ်လိုက်မယ်"
"အင်း ကောင်းပြီ"
ထူးခြား မင်းခနဲ့ဖုန်းပြောပြီး
"မင်းကို ငါ........."
.....................................
"သုသု "
"ဟင်.."
"မင်း ချစ်ဖူးလား"
"အမ် ဘာကိုလဲ"
ညီသုတက ထူးခြားမေးတာကို အဖတ်မလုပ်သည့်ပုံဖြင့် တချက်ရယ်လိုက်သည်။
ဒါပေမဲ့ ထူးခြားရဲ့တည်တံနေတဲ့မျက်နှာကြောင့် ရယ်နေရာမှ တည်၍"အင်း ချစ်ဖူးတာပေါ့"
ညီသုတ ထူးခြားမျက်နှာကို မကြည့်။ ကုမ္ပဏီ ရုံးချုပ်စာရင်းလုပ်နေတဲ့ စာအုပ်ပေါ် ဘောပင်ကို ထောက်လျက် ခေါင်းငုံပြီး
"နက်နက်ရှိုင်းရှိုင်းကိုချစ်ဖူးတာ ဟက်...ချစ်ဖူးတယ်ဆိုတာထက် ချစ်နေဆဲဆို ပိုမှန်မလားဘဲ"
ခြောက်ကပ်ကပ်ရယ်သံနောက်က စကားသံများကတော့ မပီပြင် ဝိုးတိုးဝါးတားဖြင့် ပြတ်တောက်ပျောက်ကွယ်သွားသည်။
"လူတယောက်ကို ချစ်မိရင် ပျော်ရလား အဲ့လူနဲ့ရှိနေတဲ့အချိန်တိုင်း ပျော်ရွှင်ရလား"
"ငါတော့ မထင်ဖူး လူတယောက်ကိုချစ်မိရင် ပျော်ရတယ် ဝမ်းနည်းရတယ် ဆိုတာထက် အဲ့လူပျော်နေချိန် ကိုယ်က လိုက်ပျော်နေမိတာမျိုး အဲ့လူဝမ်းနည်းနေရင် ကိုယ်ပါဝမ်းနည်းရတာမျိုး... "
"ဒါဆို အချစ်က မကောင်းဖူးပေါ့"
"အချစ်က မကောင်းတာမဟုတ်ပါဖူး လူတွေကမကောင်းတာ အချစ်ကိုအချစ်မှန်းမသိဘဲ လှည့်စားနေကြတဲ့လူတွေသာ မကောင်းတာပါ"
ချလောက်
ကျွီ
ထူးခြားတို့ စကားပြောနေရင်း တံခါးဖွင့်သံကြား၍ ကြည့်လိုက်ရာ
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Romanceရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...