"အပေါ်ထပ် လိုက်ခဲ့"
ထူးခြား အိမ်ပြန်ရောက်သည်နှင့် ဧည့်ခန်းမှာ စောင့်နေသော ညီသုတကို အပေါ်ထပ်ခေါ်၍ သူလဲ အမြန်တက်သွားလိုက်သည်။
"တံခါး လော့ခ်ချလိုက်"
"အမောဖြေလိုက်ဦး မင်းကြည့်ရတာ ဘဏ်ဓားပြတိုက်ပြီး ထွက်ပြေးလာသလိုဘဲ"
"အေး ဘဏ်ဓားပြတိုက်တာကာမှတော်သေးတယ် အခုက ငါကငါရန်သူနဲ့အတူ နေ့လည်စာစားခဲ့ရတာ "
"စားလိုကောင်းရဲ့လား သားလေး"
"ခွေးကောင် ကောင်းစရာလား ဒါနဲ့ စာရွက်စာတမ်းတွေရော ဘယ်မှာလဲ အကုန်ပါလာလား"
"ပါတယ် ဒီမှာ ဒါက memory stick အဲ့မှာ အကုန်ပါတယ် "
"ဟုတ်ပြီ နောက် ငါလုပ်ခိုင်းတာရော သေချာလုပ်ခဲ့လား"
"ငါသေချာပြင်ခဲ့တယ် ပြင်ပြီး ခြေရာမပျက် လက်ရာမပျက် ထားခဲ့တယ်"
"အင်း အဲ့လောက်ဆို ရပြီ ကျန်တာ ငါဆက်လုပ်မယ်"
................................
ဆူးဝတ်ရည် ကုမ္ပဏီ ရဲ့ ဖိုင်တွဲတွေရှင်းရန်အတွက် စတိုခန်းထဲက သယ်လာတာ ဖိုင်တွဲတစ်ထပ်ကများလွန်း၍ ဆူးမျက်နှာထက်ပင်ကျော်နေသည်။ အရှေ့လမ်းကိုကြည့်ရန် ဖိုင်တွဲတွေကိုကျော်ကျော်ကြည့်ရသည်။
စတိုခန်းကနေ ဒီနေ့မှ ဓာတ်လှေကားကပျက်နေ၍ လှေကားတွေအတိုင်းတက်လာရသည်။ တက်လာရင်း ဆူးတို့အလုပ်ခန်းအထပ် တတိယထပ်ရောက်ခါနီး လှေကားအကွေ့ရောက်သည်နှင့်ဗုန်း ဒုတ်
"အာ့"
နမော်နမဲ့ လူတယောက်ရဲ့ဝင်တိုက်မှုကြောင့် ဆူးယူလာတဲ့ ဖိုင်တွဲအကုန် ပြန်ကျဲ ပြုတ်ကျကုန်သည်။ အမှန်ဆိုသူက ဖိုင်တွေကွယ်နေလို့ အရှေ့ကို မမြင်တောင် တစ်ဖက်ကလူက မြင်ရမည်။ရှောင်သွားရမည်။ ဒါကို ဝင်တိုက်တယ်ဆိုတော့ ဆူးရန်တွေ့ရန် မျက်နှာအမော့
"အော် ရှင်ကိုး...တမင်သက်သက်လုပ်တာမလား"
"ဟမ် မဟုတ် မဟုတ် "
"ဘာမဟုတ်တာလဲ ဒီမှာ ရှင် ကလိမ်ကကျစ်မလုပ်နဲ့ ကျမက ဖိုင်တွဲကြောင့်ကွယ်နေလို့လမ်းမမြင်တာ ရှင်က ဘာမှမပါဘဲ လူချည်းဆင်းလာတာ ကျမတက်လာတာ မမြင်ရအောင် ကန်းနေတာလား"
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Romanceရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...