Part-29

926 81 4
                                    

ဆူး ရုံးဆင်းပြီး အိမ်ရောက်ထဲက ထမင်းတောင် မစားဖြစ်ဘဲ အိမ်ခန်းတွင်းအောင်းနေမိသည်။
အောင်းနေရသည့်အကြောင်းက ကိစ္စတခုကို သူလေးလေးနက်နက် တွေးချင်လို့ သူအပြင်ကရောက်တည်းကထိုင်နေတဲ့မှန်တင်ခုံရှေ့ထိုင်ခုံ ကနေတောင် မရွေ့ ။
သူ ဘဝအတွက် အချစ်ဆိုတာ စသိချိန်က အရမ်းငယ်လွန်းသေးသည်။ ရဲလင်းထိုက် ကို သူစချစ်မိတုန်းက သူ့ကို ထူးခြား ချစ်နေခဲ့တာ သိရက်နဲ့ သူဂရုမစိုက်နိုင်ဘဲ သူ့ချစ်တဲ့ လင်းထိုက်နားသာ တွယ်ကုပ်နေခဲ့လို့ ထူးခြားအမေရိကသွားတာတောင် လိုက်မသွားခဲ့ ။နောက်တော့ ထူးခြား လက်ထပ်ခွင့်တောင်းတော့ သူ့အပေါ် မချစ်နိုင်တဲ့လင်းထိုက်ကိုမေ့ဖို့ အချစ်မပါတဲ့ အိမ်ထောင်ရေးတခုကို လွယ်လွယ် တည်ထောင်ဖို့ ကြိုးစားခဲ့ခြင်းသာ။ အခုတော့ ထူးခြားနဲ့လင်းထိုက်အခြေနေကိုသိသွားလို့ မင်္ဂလာပွဲပျက်တော့ ရှက်တာကလွဲ တခြားမခံစားခဲ့ရပေ။
မ နဲ့ကျတော့ရော။ ဒါဘယ်လိုခံစားချက်လဲ သူမသိပေမဲ့ မ ကိုတွေ့ရင်ပျော်တယ် ၊ မ ဆီက First kissရတုန်းကလဲ ရင်ခုန်ခဲ့သေးသည်။ ရင်ခုန်ရင်အချစ်ဆို သူ မ ကိုတွေ့တိုင်း ရင်ခုန်သည်။လင်းထိုက်ကို ချစ်တယ်လို့သာထင်ခဲ့တာ ရင်မခုန်ခဲ့ပေ။

"သမီးရေ... သမီး...ထမင်းမစားသေးဖူးလား"

ဆူး စဉ်းစားနေရင် မေမေအသံကြား၍ အတွေးဖြတ်ပြီး အခန်းဝပြေးထွက်မိသည်။
မေမေ့ထက်ရှည်နေတဲ့ခန္တာကိုယ်လေးကိုကိုင်းလျက် မေမေ့ခါးမှာလက်တွေရစ်ပတ်ရင်း ခပ်ချွဲချွဲဆိုမိသည်။

"ခုဘဲလာစားတော့မလို့ မေမေ့ရဲ့"

"ကဲ လာ မေမေနဲ့တူတူစားမယ်"

ထမင်းဝိုင်းမှာထိုင်ပြီး မေမေထည့်ပေးသမျှ ထမင်းနဲ့ဟင်းသာ ငုံစားနေလိုက်သည်။

"သမီး "

"ဟုတ် မေမေ ပြောလေ"

"အင်း မေမေလဲ ဒီစကား အခုချိန် မပြောချင်ပေမဲ့ သမီးက မငယ်တော့ဖူး သမီးရွေးချယ်တာကိုလက်ခံပြီးမေမေတို့ သမီးသဘောအတိုင်းလိုက်ခဲ့တယ် အခုမင်္ဂလာပွဲပြတ်သွားပြီ အဲ့တော့ မေမေတို့ ဖြစ်စေချင်တာကတော့ သမီးရယ် မေမေ အသိ သားနဲ့နေရာချထားပေးချင်တယ်"

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن