Part-23

1.1K 103 18
                                    

မိန်းမောဖွယ်ကောင်းလှတဲ့ ဆောင်းဦးရာသီဟာ မနက်ခင်းကျေးငှက်တွန်မြည်သံတွေနဲ့လိုက်ဖက်လှပေသည်။ ဆောင်းရာသီရောက်ပြီးဆိုသည်နှင့် လူတိုင်းလိုလိုက ပျင်းရိကျတာ ထုံးစံပင်။ ဆောင်းရာသီအေးအေးမှာ အလုပ်လုပ်မဲ့အစား အိပ်ယာထဲကွေးနေချင်မိတာ သာမန်ပုထုစဉ်လူသားတွေရဲ့ အတွေးတခုလိုပင်။ ဒါတောင် မြန်မာနိုင်ငံရဲ့ဆောင်းရာသီ တခြားနိုင်ငံတွေလောက် သိပ်မအေးပေလို့။

မထချင်လဲ ထရမည်။မလုပ်ချင်လဲ လုပ်ရမည့်ဖြစ်သည့် ထူးခြားရဲ့ နေ့စဉ်လုပ်ငန်းတရပ်ဖြစ်တဲ့ ကုမ္ပဏီ သို့ သွားရန် ပြင်ရလေသည်။

"မမသွေး ပြီးပြီလား သွားမယ်"

နေ့တိုင်း မမသွေးနဲ့တူတူသွားနေကျဖြစ်၍ မမသွေးအခန်းရှေ့ဖြတ်တုန်း မမသွေးကြားရန် အော်ခဲ့ပြီး ထမင်းစားခန်းထဲသို့ ဝင်လာလိုက်သည်။

"မောနင်း ပါးပါး"

ကိုင်ထားတဲ့လက်ကိုင်အိတ်ကို ဘေးခုံမှာချရင်း ပါးပါးကို နှုတ်ဆက်လိုက်သည်။

"အန်ကယ် မောနင်း"

မမသွေးလဲ သိပ်မကြာခင် ထွက်လာပြီး ပါးပါးကို နှုတ်ဆက်လေသည်။

သောက်လက်စကော်ဖီခွက်ကို ပန်ကန်းပြားပေါ်တင်ရင်း

"ကဲ ဒါဆို သားသွားပြီနော် မမသွေး သွားမယ်လေ"

"အော် အေး ဒါနဲ့ သားထူး သမီးလေးဆူး မိဘတွေကလေ ပါးပါးကိုမနေ့က ဖုန်းဆက်တယ်ကွဲ့ သားကဆူးလေးကို လက်ထပ်ခွင့်တောင်းထားတာဆို အဲ့ဒါသူတို့ဘက်က အမြန်ဆုံး စီစဉ်ချင်တယ်တဲ့ ဒီမှာ သူတို့သမီးလက်ထပ်ပြီးလို့စိတ်ချရရင် သူတို့နိုင်ငံခြားမှာ အပြီးနေတော့မှာတဲ့ သားရဲ့"

"အမ် ဆူးက သားကိုလဲမပြောဖူးနော် ပါးပါး"

"ဟုတ်တယ် ဟုတ်တယ် သားရေ ဆူးမသိဖူး သူမိဘတွေက ပြောတာ ဖြစ်နိုင်ရင် ဒီနှလ သုံးလအတွင်းဖြစ်စေချင်တယ်တဲ့လေ"

"အင်း သား ကြည့်စီစဉ်လိုက်ပါ့မယ် မင်္ဂလာနေ့ရက်နဲ့နေရာလဲ ဆူးအကြိုက်ကိုမေးပြီး စီစဉ်လိုက်မယ် "

"အေး သားထူး ဒါဆိုလဲ ပါးပါး ဆူးမိဘတွေဆီ နားသွားဖောက်ထားလိုက်တော့မယ်နော်"

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن