Part-3

1.4K 123 4
                                    

ထူးခြား အရိုက်ခံရသည့်နေ့မှစ၍ ကျောင်းမလာတာ ၃ရက်ရှိချေပြီ ။
ကိုယ့်အပြစ်နဲ့ကိုယ့်မို့ တိုက်ရိုက်လဲ အိမ်ထိသွားမမေးရဲနှင့် လင်းထိုက် တယောက် ဘာလုပ်ရမယ်မသိ အတွေးများနေသည် ။

"ဒီကောင် ကျောင်းမလာတာ ၃ရက်ရှိပြီ သေများသွားပြီလား မသိဖူး ငါနော် စိတ်ရှုပ်လိုက်တာ"

အတန်းထဲတွင် ဆရာမ မဝင်သေးတဲ့ချိန်မို့ ဆူညံပွက်လောရိုက်နေကြချိန်

ဒုန်း ဒုန်း ဒုန်း

ခုံကို တဒုန်းဒုန်း ထုသံကြောင့် လင်းထိုက်
အတွေးများ ပျံလွင့်ပြီး အသံလာရာကို ကြည့်လိုက်တော့
ညီသုတ

"မနေ့က သင်္ချာဆရာမ ပေးလိုက်တဲ့ အိမ်စာတွေ အကုန်လာထပ်ပါ မထပ်တဲ့လူ ဆရာမ ဝင်ရင် အရိုက်ခံရမယ်တဲ့ "

ညီသုတ စကားကြောင့် လင်းထိုက်လဲ လွယ်အိတ်ထဲက စာအုပ်ထုတ်ပြီး နေရာမှ ပျင်းရိပျင်းတွဲ ထလျှောက်သွားသည် သွားနေရင်း သူသတိ တခုရလိုက်သည် ။

"ဟာ ဟုတ်တယ် သူတို့က အိမ်နီးချင်းဆိုတော့ ဟိုကောင် ဘာဖြစ်လဲ သူသိမှာဘဲ "

စဉ်းစားပြီးတာနဲ့ ချက်ချင်း ပြေးသွားလိုက်တာ ခုနပျင်းရိပျင်းတွဲ သွားနေတဲ့ လင်းထိုက် မဟုတ်တော့သလိုပင် ။

"စာအုပ်ထပ်မှာမလား ပေး "

ညီသုတ လင်းထိုက် လက်ထဲက စာအုပ်ကို စောင့်ဆွဲ ယူလိုက်ပြီး မျက်စောင်းထိုးလိုက်သည် ။
လင်းထိုက် မေးမဲ့စကားတောင် မမေးရဲတော့ ။ညီသုတ ကြည့်ရတာ မဲမဲမြင်ရ လိုက်ကိုက်မဲ့ ခွေးရူးလိုလို ၊နီနီမြင်ရာ ခွေ့မဲ့ ကျွဲရိုင်းလိုလို ၊နှာမှုတ်သံကလဲ တရှုးရှုးနဲ့ မကြာခင် ပေါက်ကွဲတော့မဲ့ ချိန်ကိုက်ဗုံးလိုပင် ။
အခြေနေ မဟန်မှန်းသိတော့ လင်းထိုက်လဲ နေရာက အမြန် ပြေးတော့သည် ။

"အိမ်နီးချင်းက ဝတ်ရည်လဲ ရှိတာဘဲ ဟုတ်တယ် သူ့ကိုမေးလဲ ရသားဘဲ "

လင်းထိုက် စဉ်းစားနေတုန်း ဆူးဝတ်ရည်က စာအုပ်ထပ်ပြီး ပြန်အလှည့်

"ဝတ်ရည် ဟိုလေ.... ဟို....ဟိုဟာ"

"အင်း ပြော ဘာလဲ"

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن