လင်းထိုက် ကုမ္ပဏီ မသွားချင်၍ အိမ်မှာဘဲနေရင်း မုန့်တခုခုလုပ်စားရန် ဆုံးဖြတ်လိုက်သည်။ သူအကြိုက်ဆုံးဖြစ်တဲ့ရှမ်းခေါက်ဆွဲဘဲ လုပ်စားရန် လိုတဲ့ပစ္စည်းများ super marketမှာဘဲဝယ်ဖို့ အိမ်နေရင်းအကျီနဲ့ဘောင်းဘီတိုနဲ့ပင် ထွက်လာခဲ့လေသည်။
တင်္နလာနေ့ဖြစ်၍ အိမ်မှာ ဟိဏ်းသစ် ရှိမနေ။ ဟိဏ်းသစ်က တင်္နလာနေ့နဲ့အင်္ဂါနှစ်ရက် အိမ်မှာနေလေ့မရှိတာ ဟိုးအရင်ထဲကပင်။ သူဝါသနာပါတဲ့ အရပ်လှည့်ပြီး ငွေကြေးကောက်ခံကာ ရသည့်ငွေများကို မိဘမဲ့ကျောင်းများနှင့်အခြားနေရာများမှာ လှူတန်းလေ့ရှိသည်။လှူပြီးသည်နှင့် ထိုမိဘမဲ့ကျောင်းမှာဘဲ အိပ်လေ့ရှိသည်။ အိမ်မှာလူမရှိ၍ လင်းထိုက် အိမ်တံခါးနဲ့ခြံတခါးကို သေချာ သော့များခတ်ရလေသည်။
ပြီးမှ လမ်းလျှောက်၍ပင် ဈေးဝယ်ရန် အနီးနားက super marketသို့ သွားလေတော့သည်။Super Marketရောက်သည်နှင့် ရှမ်းခေါက်ဆွဲအတွက် လိုအပ်သည်များကို ဝယ်နေမိသည်။
ရှမ်းခေါက်ဆွဲဆိုမှ ငယ်ငယ်က သူ့ကို မနက်အစောကြီးထ ရှမ်းခေါက်ဆွဲလုပ်ကျွေးခဲ့ဖူးတဲ့ ကောင်လေးကို သတိရမိသည်။"ဟင် ပိုင်လေးရယ် လွမ်းတယ်"
"အ့"
လင်းထိုက် ပစွည်းယူပြီး နောက်အဆုတ် အနောက်ကလူရဲ့ ခြေထောက်ကို တက်နင်းသွားမိဟန် ထိုလူဆီမှ အသံထွက်လာမှ တောင်းပန်ရန် လှည့်လိုက်ရာ
"ဆော်ရီးနော် ဆော်....ဟမ် ထူးခြား"
ထူးခြားက နင်းမိတဲ့ ဖိနပ်ကို ခါနေရင်းမှ သူ့အသံကြား၍ မော့ကြည့်ပြီး ချက်ချင်း ကိုယ်ကို မတ်လိုက်လေသည်။ သူ့ကို ရယ်လဲမပြ ကြည့်လဲမကြည့်ဘဲ ကျောခိုင်းလှည့်ထွက်သွားရန် ပြင်နေသော ထိုကောင်လေး လက်ကိုဖမ်းစုပ်လိုက်မိသည်။
"ထူးခြား..."
"ငါ့လက်ကိုလွှတ်...."
"ငါမင်းနဲ့ စကားပြောချင်တယ်..."
"မင်းဘာမင်းပြောချင်တာ ငါနားမထောင်ချင်ဖူး မင်းနဲ့လဲ မပတ်သက်ချင်တော့ဖူး အခုငါ့ကိုလွှတ်"
"မလွှတ်ဖူး ဟိုနေ့က ကိစ္စကို စိတ်ဆိုးနေတုန်းလား...မဆိုးပါနဲ့ကွာ ငါတောင်းပန်တယ် မင်းအ့လိုတွေလုပ်ရင် သူနာမည်ထိခိုက်မယ် သူက သူနာမည် ထိခိုက်ရင်ငြိမ်ခံနေမဲ့မိန်းမ မဟုတ်ဖူး သူမင်းကို တခုခုပြန်လုပ်မှာစိုးလို့ ငါကပြောတာ"
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Romansaရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...