Part-33

877 85 8
                                    

ထူးခြားနဲ့သူမတွေ့ရတာ တပတ်ရှိပြီ။အတိကျဆိုရင် ထူးခြားကို သူငြင်းလိုက်တဲ့အချိန်တည်းကပင်။မတွေ့ရတာဆိုတာထက် ထူးခြားကိုယ်တိုင်က မတွေ့အောင် ရှောင်နေတာဆို ပိုမှန်မလား။ သူဖုန်းဆက်ရင်း ချပစ်တယ်။ မက်ဆေ့ဂ်ျ ပို့ရင် ပြန်မပို့ဖူး။ အိမ်လိုက်သွားတော့လဲ မရှိဖူးဆိုတာချည်းပင်။
သုံးလေးရက်လောက် ဆက်တိုက်ကြိုးစားလဲ အခြေနေက ထူးမလာတာမို့ သူထူးခြားကို လွတ်လွတ်လပ်လပ် စဉ်းစားခွင့်ရအောင် အချိန်ပေးသင့်တယ် ဆုံးဖြတ်ကာ ထပ်တွေ့ဖို့မကြိုးစားမိတော့။

ချုးလေးကိုသာ အချိန်ပိုပေးရန် ဆုံးဖြတ်မိသည်။အရင်က ထူးခြားနဲ့ချုးလေး အချိန်မျှပေးနေရာမှ အခု ချုးလေးတယောက်ထဲကို အချိန်အကုန်ပုံအပ်ထားမိတော့ ချုးလေး တယောက်ပျော်နေပြန်သည်။
ဒါကြောင့်လဲ ခုချိန် ချုးလေးပျော်ဖို့သာ ချုးလေးနားအချိန်ပြည့်နေပေးဖို့ စိတ်နှစ်ထားမိသည်။
တခါတလေ ချုးလေး အိမ်မှာ ညအိပ်ဖြစ်တာမျိုးလဲ ရှိတယ်။
ချုးလေး အဖေ အန်ကယ်မိုးကလဲ သူ့သမီးလေးကို ဂရုစိုက်ပေး၍ရော သူ့သမီးပျော်နေတာမြင်ရ၍ရော ဝမ်းသာနေသည်။
ဒါကြောင့်လဲ သူညအိပ်ဖြစ်သည့် နေ့တိုင်း တချိန်က စားဖိုးမှူးဖြစ်ခဲ့တဲ့ အန်ကယ်မိုးက ကိုယ်တိုင် ထမင်းဟင်းချက်ကျွေးသည်။
အိမ်ထမင်းဟင်းဆိုတာ ထူးခြားအိမ်က ထွက်လာတည်းက မစားဖြစ်တော့တာကြာပြီ။
ယောက်ျားလေးနှစ်ယောက်တည်းနေတဲ့အိမ်မှာ သူက ဟင်းမချက်တတ်သလို ဟိဏ်းသစ်ကလဲ မချက်တတ်။ကြုံသလို ဝယ်စားတာကများသည်။

ထူးခြားဆိုတော့ ထူးခြားကို သတိရမိပြန်သည်။ မေ့ထားသည့်ကျမှ တိုက်ဆိုက်လျှင် မဟုတ် မတိုက်ဆိုင်လဲ သတိရသည်။ ထိုနေ့က သူ အိမ်လာတည်းက သူ့မျက်ဝန်းတွေ မူမမှန်တာသတိထားမိသည်။ စကားတွေကလဲ သူ့ကိုပြောသာ ပြောနေတာ ပြတ်တိပြတ်တောက်နဲ့ ယိုင်နဲ့နေသည်။ သူသတိထားမိပေးမဲ့ မမေးချင်။ မေးလိုက်မှ သူစိတ်ထိခိုက်ထားတဲ့အရာတခုခုသာဆို သူပိုစိတ်ညစ်ရမည်။သူစိတ်ရှုပ်နေလို့ဘဲ မလုပ်သင့်တာ လုပ်မိခြင်းသာဖြစ်မည်။
ထူးခြား ထိုနေ့ကအခြေနေကို မျက်နှာပူလို့ရှောင်နေတာလား သူ့ကိုရင်မဆိုင်ရဲတာလား မသိပေမဲ့ ထူးခြားမျက်နှာကို အမြန်ဆုံးတွေ့ချင်ပြီ။ မျက်လုံးစိမ်းဖန်ဖန်တွေနဲ့ ပူဆာသလိုရစ်တာတွေကို လွမ်းတယ်။
မျက်လုံးစိမ်းစိမ်းတွေ ။
" မင်းရဲ့ မျက်လုံးစိမ်းစိမ်းတွေက မင်းနဲ့လိုက်တယ်။သိပ်လှတယ် "လို့ပြောရင် ငယ်ငယ်ထဲက ပြန်ပြောသည့်စကားတခွန်း ခုထိမပြောင်းလဲပေ။
"ဘာလှတာလဲ ငါကယောက်ျားကွ ခန့်တာ ခန့်တာ.. "ဆိုပြီး ရန်တွေ့တတ်သေးတာ။
ခုန ညစ်နေတဲ့စိတ်က သူ့အကြောင်းတွေးရုံနဲ့ဘဲ ပြုံးနေနိုင်သည်။
တယောက်ထဲငိုလိုက်ပြုံးလိုက်နဲ့ အချစ်က လူကို အရူးဖြစ်စေတာလား ပိုင်လေးဆိုတဲ့ကောင်လေးက လူကို ရူးအောင် ပြုစားနိုင်တာလား။

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن