ထူးခြားတယောက် အခန်းရဲ့ဝရံတာအပြင်ဘက်ထွက်ရပ်ရင်း လင်းထိုက်ထွက်သွားသည့်အကြောင်းကို စဉ်းစားနေမိသည်။ဒီနေ့ဆို လင်းထိုက်ထွက်သွားတာ ၃ပတ်ပြည့်ပြီမလား။
အတွေးလွန်နေသည်မှာ ခြံထဲသို့ဝင်လာသည့် ကားကိုပင် မမြင်သည်အထိပင်။
ကားထဲမှ ညီသုတ ဝရံတာမှာ ရပ်နေသည့် ထူးခြားကိုကြည့်ရင်း စိတ်ထဲလေးလံနေမိသည်။
ထူးခြားတယောက် လင်းထိုက်ထွက်သွားပြီးကတည်းက တမှိုင်မှိုင် တထွေထွေနှင့် အမြဲအတွေးလွန်နေတတ်သည်။မသိရင် ရီးစားပူမိနေသလိုပင်။"ထူးထူးရေ"
အောက်ထပ်က ညီသုတ ခေါ်သံကြားမှ အတွေးဖြတ်၍ အောက်ဆင်းလာလေသည်။
"ကဲ ပြော ဘာကိစ္စလဲ"
"ဖြစ်ရတယ် ဘာကိစ္စရမှာလဲ မင်းအပူသည်ဖြစ်နေတဲ့ကိစ္စလာမေးတာ"
"ငါက ဘာဖြစ်နေလို့လဲ"
"အော် အေးအေး ဘာမှမဖြစ်ဖူး လင်းထိုက်ထွက်သွားပြီးကတည်းက အလုပ်လဲမလာ အကြောင်းလဲမကြားနဲ့ ဝန်ထမ်းတွေလဲ မေးနေပြီး Night Partyဘယ်အချိန်လုပ်မှာလဲ ဘယ်သူဆုရလဲနဲ့"
"Partyက မင်းဘဲလုပ်လိုက်ကွာ နောက်တော့ ဆုကလဲ မင်းယူလိုက်"
"အမ် ဆုကငါယူရမယ်"
"ဟုတ်တယ်လေ မင်းကလင်းထိုက်ရဲ့presentaionကိုယူထားတာလေ သူလုပ်ထားတာတွေကကောင်းတယ် သူ့ကိုအသိမှတ်မပြုပေမဲ့လို့သူရဲ့projectကိုတော့ စိတ်ဝင်စားတယ် ကုမ္ပဏီ အတွက်လဲ အကျိုးရှိမယ်ထင်လို့"
"အင်း ဟုတ်ပါပြီ ဒါနဲ့ မမသွေးရော"
"မသိပါဖူး ကုမ္ပဏီ မှာ ထင်တယ်"
..............................
လေပြေသွေးတယောက် ကုမ္ပဏီအတွက်အရေးကြီးဖိုင်များ စီ၍ MDရုံးခန်းထဲအဝင်
"မင်းက ဒီမှာ ဘာလုပ်နေတာလဲ"
MDရုံးခန်းအဝမှာ ရပ်၍ ကုတ်ချောင်းကုတ်ချောင်းလုပ်နေသော ဆူးကိုတွေ့၍ မေးလိုက်သည်။
"အမလေး...ပွတ်သွတ်တွေ... လန့်လိုက်တာ"
ရင်ဘတ်တဖိဖိနဲ့ ဖြစ်နေပုံက တကယ်လန့်နေပုံပင်။
သူကဘဲ ကိုယ်ကိုလန့်ရတယ်ရှိသေး။ ဒီလောက်ချောမောတဲ့ရုပ်ကိုများ။
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Romanceရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...