"ဒါဆို နောက်ဆုံး တခုအနေနဲ့....."
MDပိုင်ထူးခြားရဲ့စကားကို ညီသုတတို့အပါအဝင် ဝန်ထမ်းအကုန် စိတ်ဝင်တစား နားထောင်ကြသည်။
"ကျတော် ကုမ္ပဏီ ကို စပြီး အုပ်ချုပ်တဲ့အထိမ်းအမှတ်အနေနဲ့ ကျတော်တို့ ဝန်ထမ်းအကုန်ကို ကုမ္ပဏီရဲ့ promotion နဲ့ပတ်သက်တဲ့ presentation လေး တခုလုပ်စေချင်ပါတယ် ဝန်ထမ်းတယောက်ကို အနည်းဆုံး တခု လုပ်ပေးရမှာပါ အဲ့ထဲကမှ ကျတော်ကြိုက်နှစ်သက်တာတခုကိုရွေးပြီး ကုမ္ပဏီ ရဲ့ တရားဝင် promotion အစီစဉ်အနေနဲ့ ထည့်သွင်းပြီး presentation ပိုင်ရှင်ကိုလဲ ကုမ္ပဏီရဲ့Night Partyပွဲကျရင် ထိုက်ထိုက်တန်တန် ဆုချမှာပါ "
"ဟေးးး "
"မိုက်တယ် "
"ကောင်းလိုက်တာ ငါအကောင်းဆုံးလုပ်ရမယ်"
MDပိုင်ထူးခြားရဲ့စကားအဆုံးမှာ ဝန်ထမ်းအားလုံး ရဲ့ ကျေနပ်အားရမှု အာမေဋိတ် အသီးသီးထွက်ပေါ်လာသည် ။
"ဒီနေ့တော့ အစည်းဝေးက ဒီလောက်ပါဘဲ ဝန်ထမ်းအားလုံးတက်ညီလက်ညီကြိုးစားတာ မြင်ချင်ပါတယ် "
"ငါ့ကောင်ကြီးက ဒီလိုကျ ဘယ်ဆိုးလို့လဲ သောက်ကျိုးနည်းတွေ ကြိုးစားနေတာ "
"ငါက အစထဲက ကြိုးစားချင်စိတ်ရှိတယ် မင်းလို ငပျင်းမှမဟုတ်တာ"
"ဟုတ်ပါ့ ငါ့မောင်လေးက သိပ်တော်နေတာ "
"မမသွေးက အမြင်ရှိတယ် အ့ဒါတွေ ဒီကောင်နဲ့ကွာတာ မင်း မမသွေးဆီက လက်သံပြောင်တာအပြင် ဒါတွေလဲ သင်ထားဖို့လိုတယ်"
"အေးပါ ထူးထူး မင်းက အားကိုးရှိတော့ပြောပေါ့"
"အေး ပြောထားရဦးမယ် ငါ့ကို ကုမ္ပဏီ မှာ MD ပိုင်ထူးခြားဘဲ ခေါ်စမ်း ဘာလဲ ထူးထူး နောက် တခါဆို သေပြီ"
"ဟုတ်ကဲ့ပါရှင့် MD ပိုင်ထူးခြားကြီးရေ"
ထူးခြား ညီသုတကို ငေါက်နေစဉ်မှာပင် ကောင်မလေး တယောက်၏ ရွှတ်နောက်နောက် စကားသံ တံခါးဝက ထွက်ပေါ်လာ၍
"ဟာာ ဆူး...."
"အမလေး မှတ်မိသေးတယ်ပေါ့ ငါ့ကို "
"မှတ်မိတာပေါ့ဟာ ငါ့အချစ်ဆုံးသူငယ်ချင်းကို"
ထူးခြားက ပြောလဲပြော ဆူးဆီပြေး၍ ဖက်မည်အပြု
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Romanceရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...