Part-15

976 92 6
                                    

ညီသုတု လက်ညှိုး ညွှန်ရာကို ထူးခြား ကြည့်လိုက်တော့
ကောင်လေးတယောက် တိတိကျကျပြောရရင် သူနဲ့တချိန်က ပျော်ရွှင်တဲ့အတိတ်တွေရှိခဲ့ဖူးတဲ့ ကောင်လေးတယောက် ။
အရင်တည်းက မြင့်တဲ့အရပ်က ပိုမြင့်လာပြီး အရင်က ညိုသယောင်ရှိတဲ့အသားကဝင်းလာရုံကလွဲရင် အရင်က လင်းထိုက်မှ လင်းထိုက် ။
တိကျပြတ်သားတဲ့မေးရိုးတွေနဲ့ ထူထဲတဲ့မျက်ခုံး ယောက်ျားပီသတဲ့နှာခေါင်းဖြောင့်ဖြောင့်တန်းတန်းနဲ့ နှုတ်ခမ်း။
အရင်ကထက် ပိုတောင် ကြည့်ကောင်းလာသေးသည် ။

"လင်းထိုက် မင်းပြီးခဲ့တဲ့နှစ်တွေမှာ ကောင်းကောင်းမွန်မွန် ကြီးပြင်းခဲ့တာဘဲ ဒါပေမဲ့ ခုချိန်တော့ မင်းဘဝက အရင်ကလို ကောင်းမွန်ပြီး သာယာနိုင်တော့မှာ မဟုတ်ဖူး... "

"ဟဲ့ကောင် ထူးထူး ဘာစဉ်းစားနေတာလဲ ဟိုမှာ လင်းထိုက်လေ သွားမယ် လာ"

"ထူးထူးရေ မောင်လေး လာ"

မမသွေးက ပြောလဲပြော ထူးခြားကို ပုခုံးဖက်၍ လေဆိပ်က ထွက်လာသည် ။

လင်းထိုက် မနက်တည်းက စောစောထ သေချာပြင်ဆင်ပြီး လေဆိပ်သွားရန် လုပ်ရသည် ။ တခုခုလွဲရင် သူနဲ့ထူးခြား ပြသာနာထပ်ဖြစ်မည်စိုး၍ သေချာပြင်ဆင်သွားရသည် ။
နောက်ကျမည်စိုး၍ စောစောထွက်လာကာမှ စောင့်နေရတာ တော်တော်ကြာ၍ လင်းထိုက်တယောက် စိတ်မရှည်တော့ ။
စောင့်နေရင်းမှ ခေါ်သံကြား၍ ကြည့်လိုက်ရာ ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေး တယောက် ။
နည်းနည်းအရပ်ပိုမြင့်တဲ့ကောင်လေးက လက်တပြပြဖြင့် သူ့ဆီ ပြေးလာပြီး အနောက်ကကောင်လေးကတော့ ကောင်မလေးတယောက်နဲ့ ဖက်၍ သူ့ဆီလာနေသည် ။ ထိုကောင်လေးမျက်ဝန်းတွေ စိတ်လှုပ်ရှားတိုင်း ပြာလဲ့လဲ့တွေကနေ စိမ်းဖန်ဖန် ပြောင်းသွားတတ်တာ ခုထိ မပြောင်းလဲသေးပါလား ။ ဒီမျက်ဝန်းတွေနဲ့ ဝေးခဲ့ရတာ ဘယ်လောက်ကြာပြီလဲ။ ဒီမျက်ဝန်းတွေကို ဘယ်လောက်လွမ်းနေခဲ့ရလဲ ။

"လင်းထိုက် မင်း နားကန်းနေလား ဒီလောက်ခေါ်နေတာ မမြင်နိုင်ဖူး လက်ပြရလွန်းလို့ ငါ့လက်ကြီးပါ ပြုတ်ထွက်တော့မယ် "

"အော် အေး ငါမမြင်လိုက်ဖူး ဆော်ရီးကွာ "

"ကဲ သွားမယ်လေ ကားရော"

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن