"ဘာတွေလဲ ပါးပါး သားက ဘာကိုနောင်တရမှာလဲ"
ဦးကျော်ထင် လင်းထိုက်နဲ့ဖုန်းပြောပြီး ဧည့်ခန်းထဲကအထွက် အိမ်အဝင်ဝနားကနေ လှမ်းမေးလိုက်တဲ့ ထူးခြား။
ဒီကလေး ကြားများကြားသွားပြီးလားလို့စိတ်ပူမိပေမဲ့ မကြားလောက်ပါဖူးဟုသတ်မှတ်ပြီး အာရုံပြောင်းရန် စကားလမ်းကြောင်းလွှဲလိုက်သည်။"ဘာမှမဟုတ်ပါဖူး သားရယ် ဖေဖေ့ သူငယ်ချင်းနဲ့စနေတာ သားထူးက ခုနောက်ပိုင်း အိမ်မကပ်ဖူးလို့ အဲ့ဒါ ပါးပါး ရိပ်သာဝင်မှ နောင်တရမယ်လို့ပြောနေတာပါ သားရယ် သားထူး ဗိုက်ဆာနေပြီလား လာ ထမင်းစားရအောင် "
ပါးပါး လိမ်နေတယ်။ဘာကြောင့်လိမ်တာလဲ။ ခုန လင်းထိုက်နဲ့ ဖုန်းပြောနေတာကို ပါးပါးသူငယ်ချင်းနဲ့ပြောတာလို့ လိမ်တယ်။ဘာကြောင့်လဲ။လင်းထိုက်နဲ့ပါးပါးကြားမှာ ဘာအပေးယူတွေရှိနေရတာလဲ။
"အင်း ပါးပါး ထမင်းပြင်ထားပေး သား အကျီလဲလိုက်ဦးမယ်"
"အေး ကြီးငယ်ကို ပြင်ခိုင်းလိုက်မယ် သားမြန်မြန် အကျီလဲပြီး လာခဲ့"
တော်သေးတာပေါ့ သားထူး မရိပ်မိလို့။
အဖြစ်မှန်တွေကို သားကိုပြောပြချင်ပေမဲ့ ပြောခဲ့ရင် သား ပါးပါးကို လူမဆန်တဲ့သူလို့ထင်နေတော့မှာ။ထူးခြား ရေချိုး အဝတ်စားလဲပြီး လွယ်အိတ်ပါ ကောက်လွယ်လိုက်သည်။ ထမင်းစားပြီး တနေရာရာကို လျှောက်သွားရန် ဆုံးဖြတ်ထားသည်။ အခုချိန် သူ့စိတ်တွေကို မရှုပ်ထွေးနေစေချင်တာ အမှန်။
ခါတိုင်းလို ဝတ်ဆင်မှုမျိုးနဲ့ကွဲစွာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထား၍ လူကပါလွတ်လပ်နေသလိုခံစားရသည်။ အခန်းထဲက မြောက်ကြွ မြောက်ကြွနဲ့ ထွက်လာပြီး အောက်ဆင်းမည့်အလုပ် ပါးပါးအခန်းကို ရုတ်တရက် မျက်စိကျမိသွားသည်။
အခုန လင်းထိုက်နဲ့ပြောနေတာတွေနဲ့ပတ်သက်တဲ့တခုခုများ ရှိနေလေမလား။စိတ်ထဲက သိလိုစိတ်နဲ့ တခါမှ စပ်စပ်စုစု ပါးပါးအခန်းထဲ ဝင်မကြည့်မိပေမဲ့ ပထမဦးဆုံးအကြိမ်ဝင်မိသည်။ ပါးပါးက စည်းကမ်းကြီးသူလို့မပြောရအောင် အခန်းက တကယ်ကိုသန့်ရှင်းသပ်ရပ်နေသည်။ ထိုအခန်းရဲ့ နှစ်ယောက်အိပ်ကုတင်ကြီးရဲ့ဘေးကပ်ရပ်က ခုံပုလေးပေါ်မှာ တင်ထားတဲ့ အမဲရောင်ကတ္တီပါသားနဲ့စာအုပ်ကို လှမ်းယူကြည့်မိသည်။
"ချစ်တဲ့ ငယ်"တဲ့ ။ဒါ ပါးပါးရဲ့ငယ်ချစ်ဦး လင်းထိုက်အဖေကို ရည်ရွယ်ရေးထားတဲ့ စာတွေထင်သည်။
သိပ်ထူးထူးခြားခြားမဟုတ်လောက်ပေမဲ့ စိတ်ဝင်စားတာရော ပါးပါး ငယ်ငယ်ကအကြောင်းသိချင်စိတ်နဲ့ရော နှစ်ယောက်အိပ်ကုတင်ပေါ် လှဲချရင်း တစ်ရွက်ချင်းလှန်ကာ ဖတ်ကြည့်နေမိသည်။
စစ ဖတ်ချင်းကတော့ အဆင်ပြေသည်။နောက်ပိုင်းကျ မားမားအကြောင်းတွေပါ ပါလာပုံအရ မားမားနဲ့လက်ထပ်ဖို့ ပြင်နေချိန်ဖြစ်လောက်မည်။
နောက်ပိုင်း ပါးပါး ငယ်ချစ်ဦး အကြောင်းထက် မားမား အကြောင်းတွေ ပါလာသည်။ ပိုများလာသည်။ဖတ်နေရင်း တနေရာအရောက် ခပ်ဝါဝါ စက္ကူခေါက်လေးကို စာရွက်ကြားညှပ်ထား၍ ဖြန့်ကြည့်မိရာ ဒေါ်နွယ်နီ ဟု စာရွက်ထိပ်ကဘားမှားရေးထားလေသည်။ ပုံစံကြည့်ရတာတော့ ဆေးစစ်ချက် တခုခုလိုပင်။ တခါမှ ဆေးစစ်ချက်တွေဘာတွေ မလုပ်ကြည့်ဖူးတော့ ဘယ်နားကိုကြည့်ရမှန်းမသိနဲ့ လျှောက်ကြည့်ပြီးမှ စာရွက်အလည်နားလောက်က ပြဲနေတဲ့နေရာနားမှာ ရေးထားသည့် စာကြောင့် ထူးခြား ငေါက်ခနဲ ထထိုင်မိသွားသည်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။မဖြစ်နိုင်တာ ဒါမှားနေတာဖြစ်မယ်။ မယုံသင်္ကာနဲ့ ကတ္တီပါစာအုပ်ကို တဖြတ်ဖြတ် လှန်ရင်း အနောက်နားအရောက် စာသားများကို ဖတ်ရင်း မျက်ရည်များ စီးကျလာကျရသည်။ ဒါ ဘယ်လို ကံကြမ္မာလဲ ။ဖြစ်နိုင်လို့လား ဖြစ်သင့်လို့လား။ဘာလို့လဲ.....။
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Romanceရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...