ထူးခြားပြောလိုက်သည့်စကားကြောင့် လင်းထိုက်မယုံကြည်နိုင်စွာ ထူးခြားကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချကာ
"မင်း ငါ့ကိုစိတ်ဆိုးနေလဲ ခုလို စကားတွေမပြောသင့်ဘူး "
"ဘာလဲ ငါကမင်းကို ရွဲ့ ချင်လို့ပြောတယ်ထင်တာလား ဒါဆို မင်းမှားနေပြီ ဘာလို့လဲဆို သူနဲ့ငါက တကယ်ဘဲချစ်သူတွေ မဟုတ်ဖူးလား "
အနောက်မှာရပ်နေတဲ့ ညီသုတကို မေးငေါ့ကာလှမ်းမေးလေသည်။
"အင်း ထူးထူးပြောသလိုဘဲ ငါတို့ကချစ်သူတွေ ဖြစ်တာတော့မကြာသေးပေမဲ့ တကယ်ဘဲချစ်သူတွေ"
"ဟက် ဒါဆို မင်းက ........ငါဘယ်လိုပြောရမလဲ ဒီယုန်မြင်လို့ဒီချုံထွင်တာပေါ့ ဟုတ်တယ်မလား ဒါကြောင့် ငါနဲ့ချုးကိုအပစ်တွေ ပုံချပြီး မင်းကိုယ်တိုင်က ဖောက်ပြန်နေတာဘဲ မင်းကိုယ်တိုင်က ဒီကောင့်စီမှာ စိတ်ယိုင်နေလို့ ငါ့ကိုစွပ်စွဲပြီး ခါချခဲ့တာမလား အခုတော့လဲ ရှင်းသွားတာပေါ့ ဒါကြောင့်ဘဲ မင်းက ငါမင်းနားကပ်လာတိုင်း ခါးခါးသီးသီးကို မောင်းထုတ်နှင်လွှတ်နေတာကို ဘာလဲ ဒီကောင်နဲ့ မသာယာတော့ရမှာစိုးလို့လား"
လင်းထိုက်စကားတွေကရင့်သီးလွန်းပေမဲ့ ထူးခြားကတော့ မှုဟန့်မပေါ်ဘဲ ဘာမှမတုန့်ပြန်ပေမဲ့ ညီသုတကတော့ လင်းထိုက်ကော်လံစကို ကျစ်ကျစ်ပါအောင်ဆုပ်လျက်
"မင်းလူပါးမဝနဲ့ ငါကမပြောဖူးကြည့်နေတာ အကောင်းမမှတ်နေနဲ့ ငါကထူးထူးပျော်ဖို့အတွက် သူ့စိတ်တိုင်းကျလုပ်ခွင့်ပေးထားပြီးဘေးနားကနေစောင့်ရှောက်ပေးနေတာ မင်းကသာ သူ့ကိုမျိုးစုံစိတ်ဆင်းရဲအောင်လုပ်နေတာ နားလည်လား"
"ဟားဟား ဒါဆို မင်းက ကောက်ရိုးပုံစောင့်တဲ့ခွေးပေါ့ ဟုတ်လား"
ခွပ်
ညီသုတ လင်းထိုက် အကျီစကို ကိုင်ဆွဲရင်း တချက်ထိုးချလိုက်သည်။ထိုးလိုက်သည့်အရှိန်နှင့် မြေကြီးပုံ ပုံရပ်ကျသွားတဲ့ လင်းထိုက် ကိုယ်ပေါ်ခွထားလျက်
"မင်း ထပ်ပြောကြည့်"
လင်းထိုက် လှောင်သလိုပြုံးရင်း
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Lãng mạnရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...