"ဆူး"
"ကိုရယ် ကြာလိုက်တာ"
"Sorry ဆူး ကိုလဲအမြန်လာတာဘဲ ကားပိတ်နေတာနဲ့နောက်ကျသွားတာ"
"ဟုတ်ပါပြီ ခုလဲ အချိန်မှီသေးတယ် make-upပြင်ပြီး အဝတ်လဲလိုက် ဆူးစောင့်နေမယ်"
"အင်း ခဏလေးနော် ဆူး"
ငယ်ငယ်ကဆိုးခဲ့သလောက် အခုရီးစားဖြစ်ပြီးချိန်ကစပြီး သူ့အပေါ်အရာရာနားလည်ပေးသည့်မိန်းကလေး။
ခုလဲ pre-wedding photoရိုက်ဖို့ စောင့်နေရတာတောင် ငြိုငြင်ခြင်းမရှိ နားလည်ပေးသည်အထိပင်။
မြတ်နိုးခြင်း အလေးထားခြင်း အဓိပ္ပါယ်ကို ဖော်ပြသည့်အနေနဲ့ ဆံထုံးထုံးထား၍ ပြောင်ရှင်းနေသော နဖူးလေးကို တချက်ဖိကပ်နမ်းမိလိုက်သည်။
နားလည်ပေးသည့်အပြုံးမျိုးတချက်ပြုံး၍ ရင်ခွင်ထဲတိုးဝင်လာသော သူမကိုတချက်ဖက်ပြီး make-upလိမ်းမည့်အခန်းထဲ ဝင်လာခဲ့လိုက်သည်။"ကိုက ခုလိုကျ ခန့်နေရော ရုပ်ရှင်မင်းသားတောင် အရှုံးပေးရမယ်"
"ဟဟ ကို့ရဲ့ဆူးလေးကလဲ ချောနေပါတယ်နော် နိုင်ငံခြားမင်းသမီးလေးလိုဘဲ"
"ကိုကလဲ မြှောက်နေပြန်ပြီ"
တီ တီ တီ
"ခဏလေးနော် ဆူး ဖုန်းသွားပြောလိုက်ဦးမယ်"
"Hello လင်းထိုက်ပြော"
"Hello ဒါဖုန်းပိုင်ရှင်ရဲ့မိတ်ဆွေလားခင်ဗျ"
"ခင်ဗျာ အော် ဟုတ် ဟုတ်ပါတယ်"
"........"
"ဗျာ...."
ဒေါက်
ခလွမ်း
ထူးခြားလက်ထဲက ဖုန်း ကြမ်းပြင်နဲ့ တချက်မိတ်ဆက်ပြီး တစစီ ဖြစ်သွားလေသည်။
"ကို....."
"ဆူး လင်းထိုက်လေ....လင်းထိုက်.."
ကို့ မျက်ဝန်းတွေထဲက အရည်ကြည်လဲ့လဲ့တွေကျဆင်းပြီး စကားဆုံးအောင်မပြောနိုင်ခင်မှာပင် ဆိုင်အပြင်ပြေးထွက်သွားလေသည်။
နောက်တပတ်မင်္ဂလာဆောင်ရမှာမို့လို့ ဓာတ်ပုံအချိန်မီရိုက်ရမှာဖြစ်ပေမဲ့ ကို့ကို တားဖို့လဲ ဆူး မတားရက်ခဲ့ဖူး။
အဲ့နေ့ကသာ ဆူးတားဖြစ်ခဲ့ရင်ရော........
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Romanceရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...