Part-20

1K 92 12
                                    

"မင်းကို လူရှာခိုင်းထားတာ ဒီတသက်ရဦးမှာလား "

ထူးခြားရဲ့အဆက်စပ်မရှိမေးမြန်းမှုကြောင့် ဘာကိုမေးမှန်း နားမလည်။

"အမ် ဘာလူတုန်း......အော် အေး ရပြီလေ ရတော့မှာ မနက်ဖန်ရမယ်"

"အေးအေး ပြီးရော"

"ကိုရေ..."

ထူးခြားတို့စကားပြောနေတုန်း ရုံးခန်းထဲသို့ ဆူးရောက်ချလာသည်။
ဆူးက ကလေးဆန်သည်။ သူလုပ်ချင်တာ သူဖြစ်ချင်တာကလွဲပြီး ဘာမှမသိ။ အရင်ငယ်တုန်းကတော့ မသိရပေမဲ့ အခုကျ ဆူး ဆိုးတဲ့ပုံကို ထူးခြား တကယ် သည်းမခံနိုင်။
ထူးခြားကလဲ အစထဲက ကလေးဆန်ဆန် ဗိုလ်ကျ အနိုင်ယူရမှ ဆူးကလဲ ကလေးဆန်ဆန်လုပ်ချင်တာလုပ်ရမှ ။ နှစ်ယောက်က ဘယ်လိုမှ အဆင်မပြေ။ ခုလဲ ရုံးခန်းထဲဝင်တာ တံခါးမခေါက်ဘဲ စွတ်ဝင်လာသည်။ သူတို့နှစ်ယောက် ကိစ္စကို ဝန်ထမ်းတွေအကုန် သိကြပေမဲ့ ပြောစရာဖြစ်မည်ကို မလိုလား၍ အနေထိုင်ဆင်ခြင်စေချင်မိတာတော့အမှန်။

"ဆူးရယ် ဝင်ရင်လဲ တံခါးလေးဘာလေးခေါက်လေ"

"အံမယ် ခေါက်ပါဘူး ဆူးက ကို့ချစ်သူဘဲကို ဘာလို့တံခါးတွေဘာတွေခေါက်နေရမှာလဲ"

"ဘယ်လိုဖြစ်ဖြစ်လေကွာ....."

"ဘာလဲ နင်က ငါ့ကို မလာစေချင်တာလား"

စပြီ။ စိတ်ကောက်စိတ်ဆိုးတာနဲ့ ဆူးနဲ့ကိုကနေ ချက်ချင်း နင်နဲ့ငါတန်းဖြစ်တော့တာဘဲ။

"ရတယ် မလာဖူး သွားမယ်"

"မဟုတ်...မဟုတ်ဖူးလေ ဆူး..."

စကားတောင်မဆုံးလိုက် ကော့တော့ကော့တော့နဲ့သွားလိုက်တာ နောက်တောင်ပြန်လှည့်မကြည့်။

"ခေါ်မနေနဲ့ မင်းကလဲမင်းဘဲ မနိုင်ဘဲများ သွားပြောနေသေး"

"ဟုတ်ပါ့ ငါ့မောင်တို့များ လူတိုင်းကို အနိုင်ကျင့်ခဲ့သမျှ ဒီဆူးဆိုတဲ့ဟာမလေးနဲ့မှ အနိုင်ကျင့်ခံရတယ်လို့ ဟိုလင်းထိုက်ဆိုတဲ့ကောင်လေးဆိုများ အနိုင်ကျင့်တာလွန်ပါရော ဟိုကောင်လေးကလဲ ဆူးနဲ့များတခြားစီ သည်းခံလိုက်တာလွန်ရော"

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن