Part-36

830 87 7
                                    

လင်းထိုက် ထိုနေ့က ပိုင်လေး နဲ့ နောက်ဆုံး တွေ့ချင်ပင်။ မတွေ့ဖြစ်တာထက် ပိုင်လေးဘက်က အတွေ့မခံခြင်းဖြစ်၍ သူလဲ အတင်းမတောင်းဆိုတော့ဘဲ ပိုင်လေး သဘောအတိုင်း ရှောင်နေပေးမိသည်။
တကယ်ဘဲ သူတို့ ပြတ်သွားပြီလားဆိုတော့ မဖြစ်နိုင်ပါ။
ပိုင်လေးဘက်က ပြတ်ရင်တောင် သူ့ဘက်ကတော့ လက်ခံမည် မဟုတ်။
ပိုင်လေး ဘာကြောင့်များ ဒီလိုဖြစ်သွားလဲစဉ်းစားမိတော့ ထိုနေ့က အဖြစ်ပျက်က ကွင်းကွင်းကွက်ကွက် ပေါ်လာပြန်သည်။တကယ်ဆို သူ့အပြစ်လဲ မကင်း။သူသာ ချုးလေးနဲ့ပွင့်ပွင့်လင်းလင်း မိတ်ဆက်ပေးထားခဲ့ရင် ဒီလိုတွေဖြစ်စရာအကြောင်းမရှိသလို ပိုင်လေးအထင်လွဲမည်မဟုတ်ပေ။
အစထဲက ချုးလေး က ချုချာသူမို့ ပိုဂရုစိုက်မိတာကို အထင်လွဲစရာတွေ ဖြစ်ကုန်သည်။ ကိုယ့်ဘက်ကအမှားကို မမြင်ဘဲ ပိုင်လေးကို ကိုယ်ထိလက်ရောက်ကျုးလွန်မိတဲ့ ကိုယ့်ကိုယ်ကိုသာ အပစ်တင်မိသည်။

"ကိုကို"

"ဟင်..."

ကိုယ့်အတွေးနဲ့ကိုယ် အာရုံများနေတာ ချုးလေးခေါ်တာတောင် သတိမထားမိချေ။

"ကိုကိုကလဲ ခေါ်နေတာကြာပြီ ချက်ချင်းလဲ မထူးဘူး ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး ချုးလေးရယ် ကဲ ဘာပြောမို့လဲ"

"အော် ချုး မနက်ဖန် သူငယ်ချင်းတွေကို dinnerကျွေးမယ် ပြောထားတာ အဲ့ဒါ ကိုကို လိုက်ပို့နော်"

"မနက်ဖန် ဘာလို့ကျွေးမှာလဲ ချုးရဲ့"

"ဟာ ကိုကို တကယ်ဘဲ မသိဘူးလား"

"ဘာကိုလဲ ချုးလေး"

"ကိုကိုကလေ တကယ်မကောင်းဖူး တကယ်ဘဲ ချုးမွေးနေ့တောင် မသိဖူးလား"

ဟုတ်ပါ့ မနက်ဖန် ချုးမွေးနေ့ဘဲ ။ဒီရက်ပိုင်း စိတ်မကြည်တာနဲ့ဘဲ ချုးမွေးနေ့တောင် သတိမရတဲ့အဖြစ်

"ကဲ ပြော ချုးလေး ဘာလိုချင်လဲ"

"ဘာမှမလိုချင်ပါဖူး မနက်ဖန် dinnerကျွေးရင် ကိုကိုပါလိုက်ခဲ့ ချုးနားမှာနေပေး အ့ဆိုရပြီ "

"ဟဟ ငလည်မလေးပါလား နေပေးမှာပေါ့ ကိုကိုရဲ့ချုးနားမှာဘဲ နေပေးမယ်နော် "

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن