Part-28

1K 101 4
                                    

မျက်နှာပေါ် ကန့်လန့်ဖြာကျလာတဲ့ အလင်းစူးစူးကြောင့် ထူးခြား ကျစ်တချက် စုတ်သပ်လိုက်သည်။

"ငါ့အခန်းလိုက်ကာကို ဘယ်သူလာဖွင့်သွားတာလဲ"

အော်ရင်း ငုတ်တုတ်ထထိုင်လိုက်သည်။မျက်လုံးကတော့ မပွင့်သေး။

လင်းထိုက် အခန်းပြင်က ဆိုဖာပေါ်မှာ အိပ်နေရင်း အော်သံကြား၍ ထူးခြား ဘာများဖြစ်နေလဲ ဆိုပြီး အခန်းတံခါးဖွင့်ကြည့်မိရာ ထုံးစံအတိုင်း မျက်လုံးကမပွင့်သေးဘဲ ပါးစပ်ကအော်ချင်ရာအော်နေလေသည်။
ထိုအခါမှ လင်းထိုက် ခပ်ငြုငြုရယ်ရင်း တံခါးလက်ကိုင်ဘုကို ကိုင်ထားရာကလွှတ်ပြီး တံခါးပိတ်လိုက်သည်။
ထူးခြားနဲ့မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ အခန်းထဲက စာကြည့်စားပွဲခုံမှာ နောက်ပြန်ထိုင်ရင်း ခုံနောက်မှီမှာ လက်နှခုလျှက် မေးတင်ကာ ထူးခြားဘာဆက်လုပ်မလဲ ထိုင်ကြည့်နေလိုက်သည်။

"အင့်....အင်းးး..... "

မျက်လုံးနှစ်ခုကို ပွတ်ရင်း တအင့်အင့် အော်နေလေသော် ထူးခြားကို လင်းထိုက် ပြုံးပြုံးကြီးကြည့်နေရင်း စောင်နဲ့ လုံးထွေးနေသော ထူးခြားကို ကြည့်ရင်း ညကကိစ္စသတိရကာ တံတွေးတစ်ချက်မြိုချမိသည်။
နှုတ်ခမ်းကိုကိုက်ကာ တံတွေးတစ်ချက်မြိုချမိတော့ စူးခနဲ ဖြစ်သွားတဲ့ နှုတ်ခမ်း။
နှုတ်ခမ်းပေါ်လက်လေးတွေနဲ့ တို့ထိရင်း လင်းထိုက် ရုတ်တရက် မျက်လုံးပြူးမျက်ဆံပြူးဖြစ်ကာ အခန်းထဲက ရေချိုးခန်းရှိရာကို ပြေးတော့သည်။
ရေချိုးခန်းထဲက ကိုယ်လုံးပေါ်မှန်မှာ လင်းထိုက် မြင်လိုက်ရတဲ့မြင်ကွင်းက

"အားးး... "

တစ်ကိုယ်လုံး အလက်ဂျစ် ဖြစ်သလို အနီအကွက်တွေက မြင်မကောင်း ရှုမကောင်း နေရာယူထားသည်။ရင်ဘတ်နားမှာက ပိုများနေလေသည်။

"သေစမ်း"

လင်းထိုက် ကိုယ့်နှဖူးကိုယ်ရိုက်ရင်း မချိတင်ကဲ ညည်းမိသည်။
ညက ထူးခြားကမူးနေလို့်လုပ်ရင်းတောင် သူကရုန်းရာမှာကို မရုန်းဘဲ ငြိမ်ခံနေမိတဲ့ အကျိုးဆက်က အခုအခြေနေ တယောက်ယောက်များမြင်သွားရင် သူ့ကိုတမျိုးထင်ကြဦးမည်။
နှုတ်ခမ်းကလဲ ကွဲပြီး သွေးထွက်နေသေးသည်မလား။
လင်းထိုက် ရေချိုးခန်းအဝက ကိုယ်တစ်ခြမ်းထွက်ကာ ထူးခြားအခြေနေကို လှမ်းကြည့်လိုက်တော့ ခုနအတိုင်း မျက်လုံးကိုပွတ်လိုက် ပါးစပ်က ပွစိပွစိအော်ပြောလိုက် ငြိမ်သွားလိုက် အိပ်နေလိုက်နှင့်။ ခုထိ ကောင်းကောင်းနိုးသေးပုံ မပေါ်သေးတာကြောင့် လင်းထိုက် အခန်းထဲက အမြန် လစ်ထွက်ခဲ့ရသည်။

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن