Part-39

911 72 10
                                    

"ပစ္စည်း အကုန်စုံပြီနော် စုံပြီးဆို လူစစ်တော့ လူစုံရင်စထွက် ငါအနောက်က အေးဆေးဘဲ လိုက်လာမယ် နေရာက ညီသုတနဲ့ဟိဏ်းသစ် သိတယ် "

"ဟုတ်ကဲ့ပါ ဘော့စ်"

"မင်းသားနဲ့မင်းသမီးကရော "

"သူတို့က ဒီကားနဲ့မလိုက်ဖူး သက်သက် လာမယ်တဲ့"

"အေး အဲ့ဒါဆိုလဲ နောက်မကျစေနဲ့လို့ ဟိုရောက်တာနဲ့ ခဏနားပြီး ရှုတင်စရမှာ"

"ဟုတ် ကျတော် သေချာပြောထားပါတယ်"

နယ်ဘက်မှာ ထုတ်ကုန်အသစ်ကြော်ငြာ သွားရိုက်ရမှာမို့ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ မင်းသားမင်းသမီးတွေကို နောက်မကျရန် မန်နေဂျာ ကိုဦး ကို အကုန် ပြန်မှာနေရသည်။
လူကတော့ စုံပြီး ခုထိ ဆူးဝတ်ရည်ဆိုတဲ့ တယောက်က ရောက်မလာသေး။

"ဟဲ့ လင်းထိုက်"

"အော် နင်ကို အခုဘဲရှာနေတာ လာနောက်ကျနေပြီ သွားမယ် ငါ့ကားနဲ့ဘဲ လိုက်ခဲ့တော့"

"အေး အဲ့ဒါပြောမလို့ ငါမလိုက်တော့ဖူး"

"ဘာ.....!"

"နင်ကလဲ လန့်လိုက်တာ ဖြေးဖြေးပြောပါဟယ်"

"နင်က ဒီရှုတင်ကို အစစအရာရာ စီစဉ်ပေးထားတာလေ နင်မလိုက်တော့ အကုန်တလွဲဖြစ်ကုန်မှာပေါ့"

ဟုတ်သည်လေ ။လွန်ခဲ့တဲ့ တလထဲက အစီစဉ်အကုန်သူဘဲစွဲပြီး သူဘဲပြင်ဆင်ခဲ့တာ နယ်ဘက်မှာရိုက်ဖို့လဲ သူဘဲပြောတာ ။အဲ့ဒါကို သူကအခုမလိုက်ဖူးဆိုတော့ ။

"မ ပြန်လာပြီဟ ဒီနေ့ရောက်မှာ ငါလိုက်ရင် မ ကို လေယာဉ်ကွင်းမှာ သွားကြိုလို့ မရတော့ဖူး ငါက မကို လေယာဉ်ကွင်းမှာသွားကြိုပြီး ဘယ်လောက်လွမ်းကြောင်း ဘယ်လောက်ချစ်ကြောင်းပြောချင်တာ ငါနဲ့ မက မတွေ့တာကြာပြီလေ"

"သောက်ပိုတွေ တရက်မှာ ၂၅နာရီလောက်ကို video callပြောနေပြီးတော့များ အိမ်သာတက်ရင်တောင် အိမ်သာထဲဖုန်းယူပြီးပြောနေသေးတာများ
ငါတို့က မသိဖူးဆိုတော့လေ"

"ဟာ နင်ကလဲ ဘယ်တူမလဲဟ ဟိုဟာက ဖုန်းထဲက ဒါကအပြင်က မတူဖူး "

"ထားပါတော့ နင်မရှိတော့ ငါ့ကဘယ်လိုလုပ်ရမှာလဲ"

"ဒါက မပူနဲ့ ငါလုပ်တုန်းက ဟိဏ်းသစ်ကိုပါ planတွေကို ပြထားသင်ထားတယ် သူအကုန်သိတယ် ငါဖုန်းဆက်ပြောထားတယ် နောက်ညီသုတလဲ ရှိနေတာဘဲ"

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن