Part -34

846 80 13
                                    

ဒီနေ့မနက်နိုးထရခြင်းက ကျတော်အတွက် သာမန်မနက်ခင်းဆိုတာထက်ပိုပါတယ်။ ဘာလို့လဲဆို ကိုယ်ချစ်ရတဲ့သူကိုထွေးပွေ့ပြီး  နိုးထရတဲ့ မနက်ခင်းလောက် ကြည်နူးဖို့ကောင်းတာ မရှိဖူးလေ။

"အွန့်..."

ညီသုတတယောက် တွေးနေရင်းမှ ဖက်ထားတဲ့စောင်ထုပ်လေးထဲက တအွန့်အွန့်နဲ့အော်ရင်း နိုးလာသည့် ထူးထူး။

"ထူးထူး နိုးပြီလား "

"ဟင်.....အင်းးး ငါက...ဘယ်ရောက်...."

ထူးခြား အိပ်ယာကနိုးတာနဲ့ လူတယောက်ရင်ခွင်ထဲရောက်နေမှန်းသိတော့ ဘယ်သူလဲသိအောင်လှည့်ကြည့်မိတော့ ညီသုတ။ သူနဲ့ဘယ်လိုလုပ် ဒီမှာ.....။

"ဟဲ့ကောင် မင်းနဲ့ငါက ဘယ်လိုလုပ်...."

"မင်းဘာတွေစဉ်းစားနေလဲ ငါသိတယ် ထူးထူး မင်းထင်သလိုမဟုတ်ဖူး ညကမင်းကွဲပြဲပြီး မူးနေလို့ ငါမင်းအိမ်လဲပြန်မပို့ရဲ ငါအိမ်လဲပြန်လို့အဆင်မပြေလို့ ဟိုတယ်ခေါ်လာတာ ဖက်အိပ်နေတာကလဲ ငါက ဖက်ခေါင်းအုံးရှိမှအိပ်တတ်တော့ အိပ်နေတုန်းမင်းကို ခွမိတာကွ... "

ကိုယ့်အဖြစ်လူသိမှာစိုးတာနဲ့တရစပ် ဖြေရှင်းရင်း ပြောရင်း ရင်ခွင်ထဲက ထူးထူးကိုမထုတ်ချင်ထုတ်ချင်နဲ့ တွန်းထုတ်ပြီး ထရပ်လိုက်သည်။

"ငါ ရေချိုးလိုက်ဦးမယ် ပြီးမှ မင်းချိုးတော့"

ထူးထူးပြန်ဖြေတာတောင် နားမထောင်ဘဲ ရေချိုးရန်ထွက်လာခဲ့လိုက်သည်။

"......."

ညီသုတ ရေချိုးခန်းထဲဝင်သွားမှ သူမကြားအောင် တိုးတိုးလေးရေရွတ်မိသည်။

"ဒီကောင်က ဘာဖြစ်သွားတာလဲ"

......................................

"မင်းစားပြီးရင် အိမ်ဘဲပြန်မှာမလား"

မနက်စာစားရင် စားပွဲခုံရဲ့အစွန်းမှ ညီသုတပြောလိုက်သည့်စကားကြောင့် တချက်မော့ကြည့်ရင် ခေါင်းခါပြလိုက်သည်။

"ငါ သွားစရာတနေရာရှိသေးတယ်"

"အရေးကြီးလား"

"အင်း အရေးကြီးတယ်"

"လင်းထိုက်ဆီကိုသွားမို့လား "

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن