"မင်း ငါ့ကို မုန်းလား"
ထူးခြားရဲ့ အဆက်စပ်မရှိ စကားကြောင့် လင်းထိုက် ဖြေစရာအဖြေမရှိ ။ ဘာကို ရည်ရွယ်မှန်းလဲ နားမလည် ။
"ငါက မင်းကို ငယ်ငယ်တည်းက တဖက်သတ် လိုက်ပြိုင် တဖက်သတ် ရန်လိုနေတာ မင်း အရမ်း မုန်းနေမှာဘဲ "
လင်းထိုက် အတန်ကြာ နှုတ်ဆိတ်နေပြီး
" ငါက ဥာဏ်ရည်မမှီလို့ မင်းပြောတာ နားမလည်ပေမဲ့ သေချာတာတော့ ငါ မင်းကို မမုန်းဖူး အလွန်ဆုံး ကြည့်မရ အမြင်ကတ် ယုံလောက်ပါဘဲ ဟက်ဟက်"
လင်းထိုက်က စကားကို အရယ်ရွှန်းပြီး ပြောပေမဲ့ ထူးခြားဆီက ရယ်သံမကြား ။
" ငါ ဟာသက မရယ်ရဖူး ထင်တယ် "
"လင်းထိုက်"
"လူတွေ သေပြီးရင် ဘာဖြစ်လဲ ငါသိပ်သိချင်တာဘဲ "
ထူးခြား စကားကြောင့် လင်းထိုက်က ထူးခြား ဘက် မျက်နှာစောင်း၍
"ဘာလို့လဲ "
"ဒီဘဝက ဝဋ်ကြွေးတွေဆပ်ရမလား နောင်ဘဝ အသစ်တခုစမလား တခုခုပေါ့ "
"ငါကတော့ နောင်ဘဝ ဆိုတာ များရှိခဲ့ရင် ငွေကြေးဘယ်လောက်ချို့တဲ့တဲ့ မေတ္တာစစ် မေတ္တာမှန် အချစ်စစ် အချစ်မှန်တွေနဲ့ ကြုံရပါစေလို့ ဆုတောင်းချင်တယ် "
ထူးခြားရဲ့စကားသံတွေထဲမှာ ဝမ်းနည်းမှု အရိပ်ယောင်တွေ မြင်နေရတာ လင်းထိုက် သတိထားမိသည် ။ သူ့ကိုဆို အမြဲအနိုင်လိုချင်တတ်တဲ့ ထူးခြား မဟုတ်တော့တာအမှန် ။
"မင်း တခုခုဖြစ်နေလား မသိပေမဲ့ ငါ့ကို ယုံကြည်ရင် မင်း ရင်ဖွင့်နိုင်တယ် "
"ငိုချင်လဲ ငိုလို့ရတယ် ငါဘယ်သူ့ ကိုမှ ပြန်မပြောဖူးလို့ ကတိပေးတယ် "
"မင်းက ယုံရမဲ့ကောင်လား "
"မင်း သဘောပါ ယုံယုံ မယုံယုံ..... "
"ငါအဖေက ခြေရှုပ်နေတယ် "
လင်းထိုက် စကားမဆုံးခင် ထူးခြားရဲ့ အက်ကွဲစို့နင့်သံ ထွက်ပေါ်လာသည် ။
လင်းထိုက် ထူးခြားရဲ့ ဝမ်းနည်းရိပ်လွှမ်းမိုးနေတဲ့ ထူးခြားရဲ့ မျက်ဝန်းပြာလဲ့လဲ့တွေကို စိုက်ကြည့်ရင်း
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Romanceရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...