"ကိုကို"
"စောင့်ရတာ ကြာသွားလား ချုးလေး"
ရှေ့ဆံပင်က ဆာမူရိုင်းကေလေးနဲ့ ဆံပင်ဂုတ်ဝဲကို ကိုရီးယားမလေးတွေလို ရွှေအိုရောင်ဆိုးထားတော့ ချုးလေးက တကယ့်အရုပ်မလေးလိုပင်။
အသည်းယားစွာ နေရာမှာမထိုင်ခင် ဆံပင်တွေကို ဖွာလိုက်တော့ ခုန မျက်လုံးလေးတွေပိတ်မတတ် ရယ်ပြနေရာမှ ချက်ချင်း နှုတ်ခမ်းဆူ၍ မျက်စောင်းထိုးလေသည်။"ကိုကိုကလဲ ဆံပင်တွေ ပွကုန်ပြီ"
ရန်တွေ့ရင်း ပွသွားတဲ့ဆံပင်တွေကို လက်နဲ့သေချာပြန်ပုံသွင်းလေသည်။ပြီးမှ လင်းထိုက်ရှိရာဘက်တချက်လှည့်ပြီး
"ကိုကိုကလဲ ကြာလိုက်တာ"
"ဆော်ရီးပါ ကိုကိုလဲ အမြန်ထွက်လာတာဘဲ လမ်းမှာ ကားပိတ်နေတာနဲ့နောက် ချုးလေးအတွက် လက်ဆောင်ဝယ်နေလို့"
"လက်ဆောင်"ဆိုတာကြားတာနဲ့ မျက်လုံးတွေက ဝိုင်းစက်လာသည်။
"ဘာ လက်ဆောင်လဲ ကိုကို"
"ချုးလေးနဲ့ ဟိုတနေ့ကတွေ့တုန်းက ပန်းချီဆွဲဖို့ စုတ်တံကောင်းကောင်းနဲ့ ဆေးရည်တွေလိုတယ်ဆို အဲ့ဒါ ဝယ်လာတာ ကားပေါ်မှာ ထားခဲ့တယ် ပြန်မှယူ"
ချုးလေး ဝါသနာပါတဲ့ပန်းချီ ပညာရပ်အတွက် လိုအပ်တာတွေ ဝယ်လာပေးတော့ စိတ်လှုပ်ရှားစွာ ဆိုပြန်သည်။
"ဟေးးး ကိုကိုကအကောင်းဆုံးဘဲ အ့ကြောင့်ချစ်တာ"
"အင်းပါ ကိုကိုလဲချုးလေးကို ချစ်တာပေါ့ ကိုကိုမှာချစ်စရာ ချုးလေးဘဲရှိတာ"
"ဟုတ်လို့လား...."
တရားခံစစ် စစ်သလိုနဲ့ မျက်လုံးကိုမှေးပြီး မယုံသင်္ကာမေးလေသည်။
"ဟုတ်တာပေါ့ ကဲ စားစား ဟင်းတွေအေးကုန်မယ်"
"ဟုတ် ကိုကို"
တဇွန်းပြီးတဇွန်း ပလုံပလောင်းစားနေတဲ့ ချုးလေးကို ကြည့်ရင်း ထူးခြားကိုပင်သတိရမိသည်။
ပိုင်လေး ခုဆို ဘာလုပ်နေမလဲ မသိဘူး။ရီးစားစဖြစ်တည်းက အရင်လောက်မဆိုးတော့ပေမဲ့ အရင်ကထက်ရစ်လာသည်။ ဘယ်နေရာသွားသွား ဘာလုပ်လုပ် ဘယ်သူနဲ့ရှိရှိ ရောက်လေရာ ဖုန်းဆက်ပြီးရစ်သည်။အားမရရင် တခါတလေ လူကိုယ်တိုင်ရောက်လာပြီး ရစ်သည်။ အရင်ကဆိုးတာကမှတော်သေးမည်။အခုရစ်တာကျ တော်ရုံချော့လဲမရ တောင်းပန်လဲမရနဲ့ တခါတခါ ရူးတောင်ရူးချင်သည်။
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Roman d'amourရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...