"မြန်မြန်လျှောက်စမ်း"
"မင်းသေပြီးလို့ သရဲဖြစ်နေပြီ။ မြန်မြန်လျှောက်စမ်း"
"မင်းကမင်းသား၊ လူဆယ်သန်းကျော်နဲ့ ချပ်ဝတ်တန်ဆာဝတ် မြင်းသည်တော် သုံးသောင်းကို အုပ်ချုပ်တယ်? ငရဲပြည်မှာ လူသားမင်းသားဆိုတာ ဘာမှ မဟုတ်ဘူး။ ဟားဟား။"
ရွှပ် ... ရွှပ်
အကောင်ကြီးပြီး အစွမ်းပြည့်ဝနေပုံ၇တဲ့ နတ်ဆိုး စစ်သားက ဒေါသထွက်စွာအော်ပြောပြီး လက်ထဲက ကြာပွတ်နဲ့ အဆက်မပြတ် ရိုက်နှက်လိုက်တယ်။ ကြာပွတ်က လျှပ်စီးလက်လိုက်သလိုပဲ အရမ်းမြန်ပြီးတော့ လူသေ၀ိဥာဉ် ကို ထိ ထိသွားတယ်။ နတ်ဆိုးက သူ့ကိုသူ မင်းသားလို့ မောက်မာစွာပြောနေတဲ့ ၀ိဥာဉ် အသံတိတ်သွားတဲ့အထိ ဆက်ကာဆက်ကာ ရိုက်နေတော့တယ်။
'ငါသေသွားပြီ။ဒါ....ဒါဆို .. ဒါင၇ဲပြည်ပေါ့' ဂျိနင် ရုတ်တ၇က်ပေါ်လာတယ်။ သူအံ့သြစွာနဲ့ ပတ်ဝန်းကျင်ကို သတိထားပြီး အကဲခတ်လိုက်တယ်။ သူက မောက်မောက်မာမာနဲ့ ပြောတဲ့ မင်းသားရဲ့ စကားကို ကြားတော့ အံ့သြသွားတယ်။ 'ပြည်သူဦးရေ ဆယ်သန်း? မြင်းသည်တော် သုံးသောင်း? ကမ္ဘာမှာ က သိပ္ပံ ခေတ် ဖြစ်နေပြီကို မြင်းသည် သုံးသောင်း ဘယ်နား သွားရှာမှာလဲ၊?'
'မြန်မြန်' ဆိုပြီးတော့ ကျွဲခေါင်းနဲ့ စစ်သားကြီးက ဂျိနင် နဲ့ ဘေးက၀ိဥာဉ်တွေကို ကြည့်ပြီးပြောလိုက်တယ်။
ဖွဲ့ထားတဲ့ အဖွဲ့ အတိုင်း ဂျိနင်လိုက်ပါသွားတယ်။
မေ၇မတွက်နိုင်အောင်များပြားတဲ့ ၀တ်ရုံဖြူဝတ် ၀ိဥာဉ်တွေ စီတန်းသွားနေပုံဟာ ရှည်လျားလွန်းတဲ့ အဖြူရောင် နဂါးကြီးနဲ့တောင် တူနေပါတော့တယ်။ စီတန်းသွားနေတဲ့ ၀ိဥာဉ်တန်းရှည်တွေရဲ့ အဆုံးမှာ ရုတ်တရက် ၀ိဥာဉ် အသစ်တွေ ထပ်ပြီး ပေးလာကြပြန်တယ်။ ပေါ်လာတဲ့ထဲက တချို့ ၀တ်ရုံဖြူတွေက ခေါင်းညိတ်ပြီး သက်ပြင်းတွေ ချကြတယ်။ တချို့ကလည်း တုန်လှုပ်ကြောက်ရွံ့နေကြတယ်။ တစ်ချို့ က အော်ဟစ် ဆဲဆိုနေကြတယ်။ တချို့ကြတော့ အံ့သြစွာနဲ့ ကြည့်နေကြတယ်။

ESTÁS LEYENDO
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)
Fantasíaအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...