လူအားလုံးရဲ့အကြည့်တွေအားလုံး chanyeol နဲ့ Baekhyun ဆီသို့ရောက်နေကြသည်။
အရမ်းကြီးတိတ်ဆိတ်နေတာမျိုးမဟုတ်ပေမယ့် ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်အလယ်မှာ နှစ်ယောက်သားစိုက်ကြည့်
နေတဲ့မျက်လုံးတွေကမီးတောက်တော့မည် ဖြစ်သည်။" မင်းဘာပြောလိုက်တာလဲ ''
Baekhyun အသံမာနေသည်။
အသက်မရှိတော့သလို တည်နေတဲ့မျက်နှာထားက
ဒေါသထွက်သွားပြီဆိုတာတွေးကြည့်စရာပင်မလို။"အခုမင်းဝင်လာတဲ့နေရာက လောင်းကစားရုံမဟုတ်ဘူး။
အစည်းအဝေးခန်း။ မင်းရဲ့ယဉ်ကျေးမှုမရှိတဲ့ပုံစံတွေကို
တခြားနေရာမှာသွားလုပ် ''Baekhyun ပြုံးလိုက်သည်။မဲ့ပြုံးတစ်ခုအဖြစ်
ပီပီပြင်ပြင်ပြုံးခြင်းဖြစ်သည်။" ဘာဖြစ်လို့လဲ
ဒါငါ့ကုမ္ပဏီ..ငါ့နေရာ။မင်းက ဟိုဟာလုပ်ပါ
ဒီဟာလုပ်ပါဆိုပြီး ဆရာလုပ်ပြနေရမယ့်နေရာမဟုတ်ဘူး''Baekhyun ရှေ့ကိုတိုးလာပြီးမျက်မှောင်ကုတ်ထားသူကို
မျက်တောင်တစ်ချက်မခတ်စိုက်ကြည့်၍
ဆက်ပြောသည်။" မင်းကိုယ်မင်း ဘာထင်နေလဲတော့မသိဘူး
ဒါမယ့်ဆရာကြီးလုပ်ချင်ရင် တခြားနေရာမှာသွား! ''စကားမဆုံးလိုက်။ Baekhyun ၏ပါးစပ်ကို
Baekhyun ၏အဖေလက်တစ်ဖက်နှင့်အုပ်ပြီးပိတ်လိုက်ကာ အနောက်မှသိုင်းဖက်လိုက်သည်။တစ်လုံးတစ်ထွေးစကားသံတွေနဲ့ baekhyun ရုန်းသော်လည်း မလွှတ်ပေးပဲအနောက်ကို ဆွဲခေါ်သွားသည်။
Chanyeol နဲ့ခပ်ဝေးဝေးနားရောက်တော့မှ ရုန်းကန်နေတဲ့ Baekhyun ကိုလွှတ်ပေးလိုက်လေသည်။" အဖေ! "
" တိုးတိုးပြော..ဟေ့ကောင် မင်းအသံကိုလျော့
ဘယ်နေရာကိုလာပြီး ''" ကျစ် ''
သွားဖို့လုပ်ပေမယ့် baekhyun ၏ပုခုံးကို
သူ့အဖေတွန်း၍တားလာသည်။" ဟာဗျာ..ဟိုကောင်ကျွန်တော့်ကို
ဘယ်လိုလုပ်လဲအဖေမမြင်ဖူးလားး။ဖယ်ဗျာ ''baekhyun ရှေ့ကိုသူ့အဖေပိတ်ရပ်လိုက်သည်။
" အဖေ! "