"Chanyeol..ကျွန်တော်ခြေထောက်
ဘာဖြစ်တာလဲမသိဘူး..''ပုခုံးကို အနောက်မှလှမ်းကိုင်ကာ
ပြောလာသူကြောင့် ကားကိုလှည်းလုပ်၍ရောင်းသော
ဆိုင်အသေးလေးအတွင်းက
ဆိုင်ရှင်ကမ်းပေးလာတဲ့
ကော်ဖီကို အရှေ့ကစားပွဲပေါ်တင်ပြီး
အမြန်လှည့်ကြည့်ရသည်။ခြေထောက်တစ်ဖက်ကို မြေပြင်မှ မကာ
ခေါင်းငုံ့ကြည့်နေသူ။" ဘာဖြစ်တာလဲ..ခြေခေါက်သွားတာလား ''
" မသိဘူး...နာလာတယ်
အဆူးနင်းမိတာလားမသိဘူး''ခြေထောက်တစ်ဖက်ကိုလေထဲမြှောက်ထားမို့ယိုင်ချင်နေသူကို
ကိုင်ပေးထားရသည်။" အဆူးက ဘယ်နေရာကဝင်မှာလဲ
ခဏ.. ငါကြည့်ပေးမယ် ''Chanyeol ဒူးထောက်ထိုင်ချကာ
ဖိနပ်ကိုဖြည်းဖြည်းချင်းချွတ်ကြည့်လိုက်သည်။
Baekhyun သည် မတ်တပ်ရပ်ရန်အဆင်မပြေသည်မို့
ခန္ဓာကိုယ်က အရှေ့ နောက်ယိမ်းနေသည်" ဟာ..ဒါဘယ်လိုဖြစ်တာလဲ ''
ဖိနပ်ဆွဲချွတ်တဲ့အခါပေါ်လာသော
ခြေစွပ်ဖြူဖြူမှာအနီရောင်သွေးစတို့" ကန့်လန့်ဖြတ်ကြီးကွဲနေတာပဲ baekhyun..
ဘယ်လိုဖြစ်တာလဲ ''မကျေမနပ်ခပ်တိုးတိုးရေရွတ်ပြီးမှ ခေါင်းမော့ကာ မေးမိသည်
" အရမ်းနာနေလား ''
" အာ့လောက်တော့မဟုတ်ဘူး
ဒါပေမယ့် အဲ့နေရာကိုနင်းလို့မရဘူး ''" ဟုတ်တာပေါ့.. သွေးတောင်ထွက်နေပြီလေ ''
ခြေထောက်ကိုနောက်တစ်ခါသေချာကြည့်ရင်း
Chanyeol မကျေနပ်စွာပြောမိသည်။"သတိထားလေကွာ
ဒီမှာခဏထိုင် နေ..
ငါကားယူပြီးပြန်လာခဲ့မယ်
ပိုးဝင်မယ်နော် လက်နဲ့မထိနဲ့ ''ချက်ချင်းပြေးထွက်သွားသူကို
မျက်နှာလွှဲပြီးခြေထောက်ကိုနောက်တစ်ခေါက်ငုံ့ကြည့်ရသည်။ခြေဖနောင့်နားမှာ ၂လက်မလောက်ကွဲနေတဲ့ ဒဏ်ရာ
နာစမ်းပါလေ ဆိုပြီး
အားနဲ့ဖိနင်းပေးလိုက်တော့
မျက်ရည်ဝဲသွားရသည်