Chanyeol အခန်း၏
ပြတင်းပေါက်ဘေးမှစားပွဲတွင်
အဖေထိုင်နေသည်။အဖေနဲ့ Chanyeol တောင်ဒီလိုသီးသန့်
စကားမပြော ဖြစ်တာအတော်ကြာခဲ့ပြီ။အိပ်မက်ကြောင့်
ဆေးရုံတတ်ရသည့်နောက်ပိုင်းမှစ၍ပေါ့။အဲ့ဒီအတောအတွင်းမှာအဖေလည်း လူရောစိတ်ရော
အတော်ပင်ပန်းခဲ့ပါသည်။အကောင်းတိုင်းရှိနေတဲ့
သားက နေ့ညချက်ချင်း အရူးတစ်ယောက်လို
ဖြစ်သွားတဲ့ကိစ္စမှာ ဘယ်မိဘကရော
ခံနိုင်ရည်ရှိနိုင်မည်နည်း။" အဆင်ပြေလား သား ''
" ဘာကိုလဲ အဖေ ''
Chanyeol ရေနွေးအိုးကိုခလုတ်နှိပ်လိုက်သည်။
အဖေကြိုက်သည့် လက်ဖက်ခြောက်အမျိုးအစားကို
Chanyeol ဘီရိုထဲမှလှမ်းယူလိုက်သည်။အဖေ့အကြိုက် လက်ဖက်ခြောက်တွေစုရတာလည်း
Chanyeol ၏ဝါသနာတစ်ခုကဲ့သို့ ဖြစ်နေသည်။" အစစ..အရာရာပေါ့ကွာ ''
" ပြေပါတယ် ''
မကြာခင်ဆူတော့မည့် ရေနွေးကိုစောင့်ရင်း
Chanyeol မတ်တပ်ရပ်နေလိုက်သည်။အဖေက ပြတင်းပေါက်ဘက်ကို
လှည့်ကြည့်နေသည်။ထိုစဉ် ကြားလိုက်ရသောဆိုင်ကယ်သံ။
Baekhyun ပြန်လာပြီထင်သည်။" ဘယ်သူလဲ ဒါ..
Baekhyun လား ''အဖေလှမ်းမေးတော့ Chanyeol ခေါင်းငြိမ့်ပြလိုက်သည်။
အဖေက အောက်ကိုလှမ်းကြည့်နေရင်းဖြင့်
ခပ်အေးအေးပြောလာသည်။" အရွယ်ရောက်လာပြီပဲ ''
Chanyeolရေနွေးခွက်တစ်ခုသို့
လက်ဖက်ခြောက်အနည်းငယ်ကိုထည့်လိုက်ပြီး
အဖေ့ရှေ့သို့ချပေးလိုက်သည်။" သူက ဆိုင်ကယ်စီးတာလားကွ။
မဆိုးဘူးပဲ ''Chanyeol ကခေါင်းခါ၍သာ ပြုံးပြလိုက်သည်။
" ဘာလို့လဲ။ အဖေသတင်းတွေကြားပါတယ်
Baekhyun အရမ်းဆိုးတယ်ဆို ဟုတ်လား ''" အရမ်းဆိုးတယ် အဖေ။
အဖေထင်ထားတာထက် အများကြီး ''ဆူသွားသော ရေနွေးအိုးကို ယူကာ
အဖေ့ရှေ့ကရေနွေးခွက်ထဲသို့ chanyeol
ဖြည်းဖြည်းချင်းငှဲ့ပေးနေသည်