Extra

8.6K 923 57
                                    

ဆေးရုံထဲကိုအပြေးဝင်လာခဲ့တော့
ကမူးကရူးပုံပေါက်နေတဲ့ သူ့ကိုလူတွေအားလုံးက
ဝိုင်းကြည့်နေသည်

ဂရုမစိုက်နိုင်

များပြားလှသော လူတွေ
အခန်းငယ်တွေနံရံတွေ ပတ်ပတ်လယ်ကြားမှ
အပေါ်တတ်ရန်
လှေကားကိုရှာ၍
မတွေ့တာကြောင့် ရူးချင်လာပြီ

စိတ်လွတ်ကိုယ်လွတ်ပြေးလွှားနေမိသည့်နောက်တွင်
ရှာတွေ့သွားမိသောဓာတ်လှေကားထဲသို့
အလောတကြီးပြေးဝင်လာခဲ့သည်

နံပါတ်ကိုလှမ်းနှိပ်တဲ့ baekhyun
လက်တွေတုန်နေသည်

စိုးရိမ်နေမှုကြောင့် သူ့ရင်ဘတ်တစ်ခုလုံးသည်လည်း
ဓာတ်လိုက်သလို တုန်ယင်နေလေသည်။

ဘယ်အရာမှကြီးကြီးမားမားမဖြစ်ပါစေနဲ့လို့
ဆုတောင်းရင်း

တစ်ထပ်ပြီးတစ်ထပ်ပြောင်းနေသော နံပါတ်တွေကို
စိတ်မရှည်နိုင်စွာရေတွက်နေမိပါ၏

ကျေးဇူးပြုပြီး..

Chanyeol ရာ ကျေးဇူးပြုပြီး

အရူးတစ်ပိုင်းပြေးထွက်လာခဲ့သော
ခြေလှမ်းတွေသည်
အရေးပေါ်အခန်းရှေ့တွင် ထိုင်နေသော
အန်တီနဲ့ဦးလေးကိုမြင်တဲ့အခါ
ရပ်တန့်သွားရသည်

Baekhyun သည် ပိုပြီးမျှော်လင့်ချက်မဲ့လာခဲ့ပြီ

လဲကျတော့မတတ်ယိုင်နဲ့နေတဲ့
ခြေထောက်တွေကို
မနည်းအားတင်းရင်း

အန်တီတို့ရှိရာနားလျှောက်လာခဲ့တော့

မော့ကြည့်လာသော Chanyeol မိဘနှစ်ပါး၏
မျက်ဝန်းတွေမှာမျက်ရည်တွေနဲ့

ဘာဖြစ်လို့ငိုနေကြတာလဲ..

Chanyeol ဘာမှဖြစ်သေးတာမှ မဟုတ်တာ..

" သားငယ်..သားငယ် ''

ရှိက်ကြီးတငင်ပွေ့ဖက်လာသော Chanyeol ၏
မိခင်ကိုပြန်လည်ပွေ့ဖက်ပေးထားရင်း
တင်းထားတဲ့စိတ်တွေနောက်က
မွန်းကြပ်မှုတွေကပိုပြီးသိပ်သည်းလာသည်။

ပျို့တတ်လာသောမျက်ရည်တွေကိုမြိုချမိသည်

ငိုနေစရာမလိုဘူး
ဘာမှမဖြစ်ဘူး

Take the way To Love /Season 2/ (Completed) Where stories live. Discover now