51

7.7K 1K 48
                                    

အိမ်၏အရှေ့ အနောက်အခေါက်ခေါက်လျှောက်နေသော
Baekhyun ကိုကြည့်ပြီး Baekhyun
အဖေခေါင်းတွေမူးလာသည်

မနေ့ညကလည်း အရက်သောက်ပြီးသောင်းကျန်းတာ
ရဲစခန်းလိုက်ခေါ်ခဲ့ရသည်

အခုနိုးလာတော့လည်းဘာတစ်ခွန်းမှ မပြောပါချေ

အသက်ရှုထုတ်လိုက်
မျက်လုံးကိုမှိတ်ကာသက်ပြင်းတွေချလိုက်နဲ့
ဘေးကကြည့်နေသည့်သူပါ
ထိုင်မရ ထမရဖြစ်စေသည်

လက်သီးကိုဆုပ်လိုက်
ကျစ်ခနဲ မြည်သံတွေတစ်ညံညံနဲ့ဘာတွေကို
အလိုမကျဖြစ်နေတာလဲမသိ

" ဟေ့ကောင်..မင်းကိုကြည့်ရတာခေါင်းတွေမူးလာပြီ
ထိုင်ပါအုန်းလား ''

လှည့်မကြည့်ပါချေ

တစ်ခုခုကိုလေးလေးနက်နက်တွေးနေသည့်ပုံလည်းပေါ်၍
ဒေါသထွက်နေသည့်ပုံလည်းပေါ်သည်
စိတ်ရှုပ်နေပုံလည်းပေါ်သည်

" ဘာဖြစ်နေတာလဲလို့.. ''

စိတ်မရှည်စွာအော်ပြောမိတော့
သူ့ကိုတစ်ချက်လှည့်ကြည့်သည်

မျက်လုံးတွေသည်
တောက်ပမှုအလျင်းမရှိ

ဒေါသထွက်နေသည့်ပုံပေါ်သော်လည်း
တစ်ခုခုကို စိုးရိမ်နေသည့်အရိပ်ယောင်တွေက
ပိုပြီးထင်ဟပ်လေသည်

အတန်ကြာငြိမ်၍ရပ်နေပြီးနောက်မှ
သူ့ရဲ့ဘေးနားတွင်ဝင်ထိုင်သည်

မေးလို့လည်းမရ၍
စကားလည်းတစ်ခွန်းမှ မပြောပါ

ကြမ်းပြင်ကိုငေးနေသည့်ပုံစံမှာ
တတ်ကြွခြင်းအလျင်းကင်းစင်သည်

ဘာဖြစ်လို့ဒီိလောက်
ပင်ပန်းနေတဲ့ရုပ်ပေါက်နေတာလဲ

"မင်းမပြောဘူးလား
ဘာဖြစ်နေတာလဲ
မင်းရဲ့Chanyeol ကရောဘယ်မှာလဲ ''

မျက်ခုံးတွေကျုံ့သည်
ဆံပင်တွေကို ဆွဲဖွာနေသည့်ပုံစံက
Baekhyun အဖေကိုပင် ဒေါသထွက်လာစေတဲ့အထိ

အီလည်လည်မျက်နှာဘေးကိုဘေးကနေထိုင်ကြည့်ရင်း
သူပါစိတ်မချမ်းမသာဖြစ်လာရသည်။

ထားလိုက်ပါတော့

ထပ်မေးနေရင်ပိုဆိုးမှာဆိုးလို့ တစ်ယောက်ထဲလွှတ်ပေးထားလိုက်၍ ရှေ့ကတီဗီကိုသာဖွင့်ပြီးကြည့်နေလိုက်တော့သည်

Take the way To Love /Season 2/ (Completed) Where stories live. Discover now