43

8.3K 1K 11
                                    

အရိပ်ကွယ်နေတဲ့ သစ်ပင်ကြားထဲကနေ
တိုးဖြတ်နေတဲ့နေရောင်ခြည်က
Baekhyun ၏မျက်နှာရိပ်ကို
ကျရောက်နေသည်။

နွေဦိးအစပျိုးလာပေမယ့်
အအေးဓာတ်ကပြယ်မသွားသေး။
လေတိုက်တိုင်းချမ်းနေရသည်က
သူ့အနားမှာChanyeol မရှိလို့နေမည်။

မနေ့ညက ရပ်တန့်သွားခဲ့သော
ကိစ္စသည် Baekhyun စိတ်ထဲတွင်
ခုနေသည်။

နောက်ပြီး ဘာကိုမှမရှင်းပြပဲ
ချက်ချင်းအခန်းထဲက Chanyeol ထွက်သွားခဲ့တာ။
အဲ့ဒီအခြေအနေကြီးနဲ့ baekhyun လည်းတစ်ညလုံး
အိပ်မပျော်ခဲ့ပါ

ဒီလိုပဲ Chanyeol လည်းသူ့ဆီပြန်မလာခဲ့။
ဒီနေ့လည်း သူအိမ်ကထွက်လာတာစောသည်မို့
Chanyeol နဲ့မတွေ့ခဲ့ရ။

မဟုတ်ဘူး
မတွေ့အောင် သူတမင်ရှောင်လာခဲ့တယ်လို့ပြောရမလား။

စိတ်အနည်းငယ်ရှုပ်ထွေးနေသည့်တိုင်
ဆိုင်ကယ်သော့က အရေးထဲရှာမတွေ့တာမို့
အခုတော့တစ်လှမ်းခြင်းလျှောက်နေရသည်။

ဦးတည်ရာက ကျောင်းဖြစ်တာမို့
ယူနီဖောင်းဝတ်ခဲ့မိတာ။
ကျောင်းပြေးလျှင်လည်းထင်းနေအုန်းမည်။
ကျောင်းပြေးလို့အထင်ခံရတာကို
စိတ်ထဲရောက်တာမဟုတ်ပါ။
ဒီအတိုင်းလူတွေကြည့်ကြည့်
သွားတတ်တာကိုမကြိုက်တာ။

သူ့၏လျှောက်လမ်းရှေ့မှ ခဲသေးသေးလေးတွေကို
Baekhyun အကြောင်းမရှိ ကန်ထုတ်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဘာလို့ရပ်လိုက်တာလဲဆိုတာကို
Chanyeol ရှင်းပြသင့်တယ်

တီ..

အနောက်မှကားဟွန်းတီးသံကြောင့်
Baekhyun
ဘေးကိုကပ်လျှောက်လိုက်သည်။

ဒါပေမယ့်

တီ..တီ...

မရပ်ပဲဆက်တီးနေတာမို့
လှည့်ကြည့်မယ်ပြင်တော့
ဘေးတွင်လာရပ်သော ကားတစ်စီး။

ကားမှန်အမဲအောက်သို့ကျလာချိန်မှာ
ချစ်ရသူရဲ့အပြုံးနုနုကို မြင်လိုက်ရသည်။
တစ်ပြိုင်နက်တည်း သူ့နှလုံးသားသည်လည်း
နွေးသွားလေသည်။

ဒါပေမယ့် မနေ့ညက အခြေအနေကြောင့်
သူတို့နှစ်ယောက်ကြားမှာအနေခက်မှုလေထုက
လွှမ်းခြုံနေ၏

Take the way To Love /Season 2/ (Completed) Where stories live. Discover now