တရုတ်တွင် ရောက်ရောက်ချင်း
Baekhyun ထိုးအိပ်သည်။
လာခေါ်တဲ့ ဒါရိုက်ဘာကားပေါ် တတ်သာတတ်ခဲ့တယ်
ကားပေါ်မှာလည်း သူမျက်လုံးမဖွင့်နိုင်။လေယာဉ်စီးရင် မူးတတ်လွန်းတာမို့လို့
တတ်နိုင်သမျှဘယ်ဝေးဝေးလံလံခရီးမှ သူမသွားခဲ့။
အခုတော့ ခေါင်းမထောင်နိုင်အောင်ဖြစ်နေတာဖြစ်သည်။တတ်ကြွလွန်းနေတာကတော့ အဖေပဲ။
လေဆိပ်မှာ သူငယ်ချင်းကလာကြိုတယ်
အဲ့ကနေ တပြိုင်နက်ပါသွားတာ
ဘယ်ကိုရောက်နေပြီလဲတော့မသိဘူး။သူကတော့ ပင်ပန်းသွားတာမို့ မျက်လုံးပင်မဖွင့်နိုင်တော့။
လှဲချရုံနဲ့တင်ကို Baekhyun
ချက်ချင်းအိပ်ပျော်သွားခဲ့တာဖြစ်သည်။နိုင်ငံပြောင်းနေတဲ့ ရာသီဥတုက
ပိုပြီးနွေးနေသည်။ဒါပေမယ့် မကြုံဖူးတဲ့
အနွေးဓာတ်သည် နွေးသယောင် အေးသယောင်။
အပြာနုနု ကုတင်ပေါ်ရှိ စောင်အဖြူများကြားတွင်
Baekhyun နှစ်ခြိုက်စွာအိပ်ပျော်နေသည်။မှန်ကာထားသော ပြတင်းပေါက်သည်လေမတိုးပေ။
ဒါပေမယ့် လေညင်းတစ်ခုခုတိုက်နေသလို အခန်းတွင်
အသံရေးရေးလေးများ ကြားနေရသည်။မှောင်မိုက်နေတဲ့ ဘေးဘက်တွေ။
လမ်းတစ်ခု။
ကောင်းကင်မှာကြယ်တွေစုံနေသည်။
လရောင်၏အလင်းဖြင့်သာ လင်းနေသော
ထိုလမ်းမတွင် Baekhyun
လမ်းလျှောက်နေသည်။အရမ်းကိုရင်းနှီးနေတဲ့လမ်းတစ်ခုပဲ။
ရောက်ဖူးနေတဲ့ နေရာလည်းဖြစ်ပြီး
တစ်လှမ်းခြင်းလျှောက်နေတဲ့
ူ့ခြေလှမ်းတွေလေးလံနေပေမယ့် သူ့ရဲ့ရင်တွေခုန်နေသည်။" Baekhyun ''
လူတစ်ယောက်၏ခေါ်သံကို ကြားလိုက်ရသည်။
သူတစ်ယောက်ပဲမဟုတ်ပေ။
သူ့ရဲ့ဘေးမှာ လူတစ်ယောက်ရှိနေသေးသည်။ထိုလူရဲ့ မျက်ဝန်းတွေကိုမော့ ကြည့်မိတဲ့အခါ
အရင်ကထက်တုန်လှုပ်လာတဲ့ နှလုံးသားကို
သူခံစားလိုက်ရသည်။ထိုစဉ်..
နွေးသွားသော သူ့၏ပုခုံးများ။
ဆုပ်ကိုင်လာတဲ့လက်ချောင်းတို့မှအတွေ့ကြောင့်
အလှပဆုံးသော ရင်ကလှိုက်လှိုက်ခုန်လာသည်။