" ဟေ့ကောင် ရပ်ကြည့်မနေပဲဆင်းလာပြီးကူသယ်လေ
ဘယ်လိုကောင်လဲ ''အဖေသည် ပန်းပင်လက်ဆောင်ပေးမယ်ဆိုပြီး
ကားနောက်ခန်းသို့ ပန်းအိုးသုံးအိုးထည့်ကာ
ရောက်ချလာသည်သူ့ဘာသာသူ ပန်းအိုးကိုမနေရာမှ ပြတင်းပေါက်က
ရပ်ကြည့်နေတဲ့ Baekhyun ကို
လှမ်းပြီးဟောက်လိုက်သေးသည် ။ဘယ်သူကရော ပန်းအိုးလိုချင်တယ်ပြောလို့လဲ
ကိုယ့်ဘာသာဝယ်ပြီး အလုပ်လာရှုပ်ပြီ
ဘဲလ်ကိုအဆက်မပြတ်တစ်ရဆက်တီးနေတာမို့
ပြေး၍သာဖွင့်ပေးလိုက်သည်တံခါးဖွင့်ဖွင့်ခြင်းမှာပဲအဖေ့ရဲ့ဆဲသံနဲ့တိုးလေတော့သည်
" တစ်ယောက်ထဲသယ်နေတာမြင်ရင်
ကူညီလေ... ငါ့ကို၁၈နှစ်ထင်နေလား
ဘယ်လောက်လေးတယ်ဆိုတာမြင်ရင်သိနေတာပဲ ''" တော်ပါတော့ဗျာ ''
နားမခံနိုင်တော့တာမို့
ဘာမှကိုပြန်ပြောမနေတော့ပဲ
အဖေ့လက်ထဲက ပန်းအိုးကိုသာကူမပေးလိုက်တော့သည်" ဘာကိစ္စ ပန်းအိုးလဲ
ဒါအစားကြက်တစ်ကောင်လောက်ဝယ်လာပေးရင်တောင်
အဖေကျေးဇူးတင်ခံရအုန်းမယ် ''" လက်ဆောင်ရလို့.. ယူလာတာ
ငါကတကူးတက မင်းတို့အတွက်
ပန်းသွားဝယ်ပြီး လာပို့တယ်ထင်လို့လား ...''ပန်းအိုးကိုအခန်းထောင့်တစ်ခု၌ချပြီးသည့်အခါ
Baekhyun လှည့်ထွက်ဖို့လုပ်သည်" ဟေ့ကောင်..ဘယ်လဲနောက်နှစ်အိုးရှိသေးတယ် ''
" အဲ့တာသွားသယ်မလို့လေ..''
" အော်..အဲ့တာဆိုလည်းပါးစပ်ကပြောပါလား ''
ကူညီပေးနေတာကို အကောင်းမပြောတာကြောင့်
ခပ်တည်တည်ဖြင့်လှည့်ကြည့်တော့
အဖေသည်
ကြယ်သီးအပြည့်တပ်ထားသော
ရှပ်အကျီကိုလက်ခေါက်တင်၍
အိမ်ကိုဘယ်ညာကြည့်သေးသည်"ဒါနဲ့ Chanyeol ရော.. ဒီနေ့ Sunday လေ
အလုပ်နားတယ်မဟုတ်ဘူးလား ''အဖေမေးလိုက်တာကြောင့် အိမ်တံခါးနားကို
လျှောက်သွားသည့်
Baekhyun ၏ခြေလှမ်းတွေ ရပ်တန့်သွားသည်