45

10.9K 1.3K 63
                                    

နိုင်သွားတဲ့ ဂိမ်းကြောင့်ဖုန်းကိုပစ်ချကာ
နာရီကိုလှမ်းကြည့်လိုက်သည်။

ည၇နာရီ။

Chanyeol ကသူ့သူငယ်ချင်းတွေနဲ့သွားတွေ့မယ်ဆိုပြီး
ထွက်သွားခဲ့တာ။
ဒီအချိန်တော့ပြန်မလာလောက်သေးဘူးထင်တယ်

Chanyeol ပြန်လာချိန်ကိုစောင့်ရသည်က
Baekhyun အတွက်စိတ်အညစ်ဆုံးပြဲဖစ်သည်။
စက္ကန့်တိုင်းက တစ်နာရီလောက်ကြာသလိုလို။

လုပ်စရာမရှိသောဘဝတွင် ဖုန်းလည်းဆက်၍မကိုင်ချင်။
စာကတော့ သူလုပ်ရမည်လို့ကိုထည့်မတွက်ပါ

ရုတ်တရပ်အသံတစ်ခုကြားလိုက်ရတာမို့
Baekhyun ခေါင်းထောင်ပြီးနားစွင့်မိလိုက်သည်။

"ဒုန်း...ဒုန်း...''

ခပ်ဝေးဝေးမှလာတယ်လို့ထင်ရသော အသံ..

ဘာဖြစ်တာများလဲ

ကုတင်ပေါ်မှ ဆင်းကာ အခန်းအပြင်ကိုထွက်တော့
ပိုပြီးပီပီပြင်ပြင်ကြားလာရသည်။

" ဒုန်း...ဒုန်း..!''

Baekhyun
အောက်ထပ်ကိုဆင်းလာခဲ့လေသည်။

ဘယ်သူမို့လို့ ဒီလောက်ဆူညံနေရလဲ

သူခိုးလား..
ဓားပြများတိုက်တာလား...
အဲ့တာတွေ သူအဲ့လောက်စိတ်မဝင်စား။
ဘဲလ်ရှိနေတဲ့အိမ်ကို တစ်ဒုန်းဒုန်းထုနေတာက
ဘာပါလိမ့်လို့

Baekhyun တံခါးကိုဆွဲဖွင့်လိုက်သည်။

" အမေ့! "

ဖွင့်လိုက်ချင်းပင် အေးသွားသောလေအေးနဲ့အတူ
မျက်နှာချင်းဆိုင်မှ
ခန္ဓာကိုယ်ကြီးတစ်ခု Baekhyun
ပေါ်သို့ယိုင်ကျလာလေသည်။

အလန့်တကြားဖြင့် အမြန်
ထိန်းလိုက်ရသည်။

" Chanyeol..?''

ပြင်းထန်နေသော အရက်နံ့တွေကမွှန်ထူနေလျက်။
Baekhyun ကိုလဲကျမတတ်တိုးဝင်ဖက်ပြီး

" ငါ..ငါပါ Baekhyun..မင်းကိုအရမ်းချစ်လွန်းတဲ့ ငါပါ ''

ပြောရင်းနဲ့ခြေခွေကျတာမို့
ရှိသမျှအားအကုန်နဲ့ ဆွဲထူကာထိန်းထားရသည်။

" ဘယ်လိုဖြစ်တာလဲ။..
ခင်ဗျားမူးလာတာလား ''

မယုံနိုင်ခြင်းအပြည့်နဲ့အတူ
Baekhyun မေးမိသည်။

Take the way To Love /Season 2/ (Completed) Where stories live. Discover now