" မင်းတို့ အိပ်မက် မက်ဖူးလား ''
ခပ်လျော့လျော့မေးလိုက်တဲ့ baekhyun
၏မျက်နှာထားက တည်ငြိမ်နေလျက်။အစမရှိ အဆုံးမရှိမေးလာသော မေးခွန်းကို
Baekhyun ရှေ့မှလူတစ်အုပ်ကဟားတိုက်ရယ်ကြသည်Baekhyun သည်မျက်နှာသေဖြင့်သာ
လက်ထဲတုတ်ကို ကြမ်းပြင်နဲ့ထိကပ်ပြန်ခွာခြင်း
အကြိမ်ကြိမ်ပြုနေသည်လုအုပ်ထဲမှ တစ်ယောက်ကလှမ်းပြောလာသည်
" ဟေ့ကောင်လေး။မင်းကို လျော်ကြေးတောင်းနေတာ
ဗေဒင်တွက်ခိုင်းနေတာမဟုတ်ဘူး''Baekhyun လက်ထဲကတုတ်ကို ကြမ်းပြင်ပေါ်သို့
ထောက်လိုက်ပြီး အရှေ့ကမေးလာတဲ့လူကို
ိုလှမ်းကြည့်လိုက်သည်။" မင်းအိပ်မက် မက်ဖူးလား ''
ခုနကထဲက သူတို့ကိုအနည်းငယ်ပင် အဖက်မလုပ်ပါပဲ
ရုပ်တည်နဲ့ထိုအိပ်မက်အကြောင်းသာပြောနေတာမို့
လုအုပ်က နည်းနည်းတင်းမာချင်လာသည်။ရယ်သံတွေအားလုံးပျောက်ကွယ်သွား၏
Baekhyun မေးလိုက်သူသည်
ဆက်ပြီးသည်းမခံနိုင်တော့တဲ့ပုံစံမျိုးနှင့်
ရင်ကိုမတ်လျက် baekhyun ရှိနေရာကို
လျှောက်လာသည်တုတ်ကိုညာလက်မှ လျော့တိလျော့ရဲဆွဲကိုင်
မတ်တပ်ရပ်နေသော
Baekhyun နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့အခါ
ထိုလူကတစ်လုံးခြင်းပြောလေသည်။"ပါးစပ် ပိတ်ပြီး..
ပါသမျှ အကုန်ထားခဲ့လို့ ''Baekhyun သည်အေးစက်စွာ ရပ်ကြည့်နေဆဲ။
မည်သည့်ခံစားချက်မှ မရှိသောသူတစ်ယောက်လိုအတုံ့အပြန်ကင်းမဲ့နေမှုကြောင့်
တစ်ဖက်လူတို့၏စိတ်သည်
ပိုပိုတင်းသထပ်တင်းမာလာသည်" ပါသမျှအကုန်ထုတ်ခဲ့လို့ပြောနေတယ်လေ ''
အသံများကျယ်လောင်လာတဲ့အခါ
Baekhyun လက်ထဲကတုတ်ကိုရှေ့ကိုပစ်ချလိုက်သည်။သွယ်လျှနေတဲ့လက်တွေက
ဘောင်းဘီအိတ်ထဲမှ ဆေးလိပ်ကိုထုတ်ကာ မီးညှိပြီး
နှုတ်ခမ်း၌တေ့၏