40

9.3K 1.2K 44
                                    

လူခပ်ကျဲကျဲရှိနေသော လေဆိပ်အတွင်းမှ
Baekhyun လမ်းလျှောက်လာသည်။
နွေဥတုဝင်ခါစမို့ထင်သည်။
ရာသီဥတုသည်အရမ်းကြီးချမ်းစိမ့်မနေတော့။

ပုံစံမပြောင်းသော ဂျင်းကုတ်ကိုအထာကျကျ
ဝတ်တတ်ပုံလေးသည်
မြင်ဖူးနေကြအတိုင်းခပ်ဆိုးဆိုးလူငယ်အသွင်အပြင်
အပြည့်ဖြင့်။

ဘောင်းဘီအိတ်ထဲလက်ထည့်ကာတစ်လှမ်းချင်းလျှောက်ရင်း
Chanyeol ကိုမြင်သည့်အခါ တည်ငြိမ်နေသော
မျက်နှာချောချောမှ အပြုံးတစ်ပွင့်ကိုဆင်သည်။

အရှေ့ကိုလျှောက်သွားပြီး ရင်ခွင်ထဲလာရန်
လက်ကမ်းကြိုတော့
မယုံနိုင်စွာပင်
လက်ဆွဲအိတ်ကိုချ
Chanyeol ကိုပြုံးကာကြည့်ရင်း
အရှိန်ဖြင့်ပြေးဝင်လာသူ။

လည်ပင်းကိုသိုင်းကာ
ခုန်၍ဖက်တွယ်မှုကြောင့်
့ပြုတ်မကျသွားစေရန် Chanyeol ခပ်တင်းတင်း
ထိန်းလိုက်ရသည်။

" အဆင်ပြေလား Baekhyun..
လေယျာဉ်စီးရင်မူးတတ်တယ်မလား ''

ပုခုံးပေါ်ကိုခေါင်းတင်ကာ
ငြိမ်နေသူအား Chanyeol မေးတော့
Baekhyun သည်ငြိမ်သက်နေရင်းနဲ့ပဲဖြေသည်

" မူးနေတယ်အခု။
ဒီအတိုင်းသယ်သွားတော့
လမ်းမလျှောက်ချင်တော့ဘူး ''

" ဟုတ်ပါပြီ ''

ကိုယ်ပေါ်တတ်ကာ အိပ်နေသူကို
လက်တစ်ဖက်ဖြင့်အသာပွေ့ထိန်းရင်း
ကြမ်းပြင်ပေါ်က လက်ဆွဲအိတ်ကိုဆွဲမကာ
ကားပါကင်သို့ထွက်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် လူအများက
သေချာကြည့်လိုက် လည်ပြန်ကြည့်လိုက်။
အဆောက်အဦး၏မှန်ဖြင့်လုပ်ထားသော
နေရာတစ်ခုရှေ့တွင် chanyeol မတ်တပ်ရပ်ကာ
သူ့ကိုယ်သူကြည့်မိသည်။

Baekhyun သည်သူ့ကိုယ်ကိုခွလျက် ပုခုံးပေါ်တွင်
ခေါင်းမှီကာမှေးနေပါ၏
အဘယ်ကြောင့်ကလေးချီထားရတဲ့အဖေနဲ့ တူနေပါသနည်း

အသံတိတ်ပြုံးရင်း ဖြည်းဖြည်းချင်းလျှောက်ရသည်။
Baekhyun ၏အသက်ရှုသံလေးပင်ပြင်းနေသယောင်။
ပင်ပန်းလာခဲ့ပြီ

ကားဆီရောက်တဲ့အခါကားနောက်ဖုံးကိုဖွင့်ပြီး
အထုပ်အပိုးများကိုအရင်ထည့်ရသည်။

Take the way To Love /Season 2/ (Completed) Where stories live. Discover now