" ခင်ဗျားကျွန်တော့်ကို မသိဘူးလား ''
ဆို့နစ်လာသော
မွန်းကျပ်မှုတွေသည်
ရင်ဘတ်ဝနားတွင် ရပ်တန့်ကာ နှိပ်စက်သည်။မရတော့။
ဒီထက်ပိုပြီး
ဒီထက်ပိုပြီးသာ သူမျိုသိပ်ထားနေမယ်ဆိုရင်
တကယ်ရူးသွားလိမ့်မည်အလုံးအရင်းထိုးနှက်နေသော
ဝေဒနာတစ်ခုသက်သာဖို့
သူ့ရဲ့နှလုံးသားက ခြစ်ရာတစ်ခုပျောက်ကင်းနိုင်ဖို့ရှိသမျှအသံကုန် အော်ဟစ်ကာ သူ့ရှေ့၌
အံသြစွာလှမ်းကြည့်နေသော Chanyeol ၏ရင်ဘတ်ကို
အားအကုန်တွန်းထုတ်ပြီး" ခင်ဗျားကျွန်တော့်ကိုမသိဘူးလား ''
Baekhyun ပြတ်သားစွာမေးမိလိုက်တော့သည်။
ပုံမှန်အတိုင်းတည်ငြိမ်နေသော chanyeol ၏
မျက်လုံးတွေသည် မျက်တောင်ခတ်သွားခြင်းပင်မရှိပေ။
သူတွန်းထုတ်လို့ယိုင်သွားတဲ့ အတိုင်းသာ
မတ်တပ်ရပ်ပြီး သူ့ကိုကြည့်နေသည်။ဒါပေမယ့် ထိုအကြည့်တွေသည် အသက်မပါ။
စိတ်ဝင်စားမှုမပါ။ အာရုံစိုက်မှုမပါ။
ခင်ဗျား တကယ်ကျွန်တော့်ကို မသိတာလား
Park chanyeolငိုချင်လာသည်ကို တင်း၍ထိန်းပြီး ဆက်ပြောမိပြန်သည်။
" ထွက်သွား
ကျွန်တော့်ရှေ့က ထွက်သွား
ငါ့ရဲ့ရှေ့က ထွက်သွား ''ထပ်မံ တွန်းထုတ်ကာ
အော်ဟစ်ပြောမိပေမယ့်
တကယ်လှည့်ထွက်ခဲ့သူက
Baekhyum ဖြစ်နေခဲ့သည်။ကျောခိုင်းကာ လျှောက်ဖို့ပြင်မိတဲ့ခြေလှမ်းတစ်လှမ်းဟာ
Baekhyun မှန်းဆထားတာထက်အများကြီး
နာကျင်ရပါသည်။ဆူညံနေသော ပတ်ဝန်းကျင်က
ဘယ်အရာကိုမှ သေသေချာချာမမြင်ရတော့ပေ။
အရာဝတ္ထုတစ်ခုက ၂ထပ်ဖြစ်ချင်ဖြစ်နေတတ်ပြီး
အချို့အရာတွေက မြင်ကွင်းထဲမှာ ရေငွေ့ပြန်နေသကဲ့သို့
ဝေဝါးနေသည်။Baekhyun ခြေလှမ်းတွေကိုထိန်းပြီးလျှောက်နေပေမယ့်
လူတစ်ကိုယ်လုံးက လဲကျလုနီးပါး
ယိုင်ထိုးနေသည်။
ဘယ်နေရာ ဘယ်အရပ်ကိုဦးတည်ကာ သွားနေမိလဲ
Baekhyun မသိ။
သူလမ်းတွေဆက်၍လျှောက်နေသေးတာလား။
သူထိုင်နေသေးတာလား။