27

10.8K 1.3K 55
                                    

ရေချိုးခန်းထဲဝင်မယ်လို့် ပြင်ရုံလေးပင်
ထမြည်လာတဲ့ဖုန်းသံကြောင့် baekhyun
တင်းခနဲ ဖုနုးရှိရာကို လှမ်းကြည့်လိုက်သည်

ည ၇ နာရီခွဲတော့မည်။
ဒီအချိန်သူ့ကိုဖုန်းဆက်မည့်လူက
အဖေတစ်ယောက်ပဲရှိသည်

ဖုန်းတင်ထားသည့် ကုတင်နားသို့
သွားမယူချင်တော့တာမို့ မကိုင်တော့ပဲ
ရေချိုးခန်းထဲသို့သာ Baekhyun
ဝင်သွားလိုက်လေသည်။

ကျောင်းတွေပြန်တတ်ရဖို့ နီးနေပြီဖြစ်သည်။
ဒီပိတ်ရက်အတွင်းမှာ Chanyeol ၏ဘေးတွင်
ရှိချင်လွန်းလို့ သူတမင်အိမ်မပြန်ခဲ့တာ။

အမြဲခေါ်နေသော အဖေ့ကို
Baekhyun စိတ်ထဲမှအားနာရသည်အထိ

ရေချိုးပြီး ပြန်ထွက်လာတဲ့အခါ
ဖုန်းခေါ်ထားသည်ကို Baekhyun မေ့သွားမိသည်။
လုပ်စရာရှိသည်များလုပ်၍
အောက်ဆင်းပြီး ညစာပင်
အေးအေးဆေးဆေးစားသေးသည်။

အခန်းထြဲပန်ရောက်ပြီး
Game ဆော့ရန်ပြင်တော့မှ
အဖေ ဖုန်းခေါ်ထားသည်ကို baekhyun
သတိရသွားသည်။

ဒါပေမယ့် ဖုန်းကိုပွင့်လိုက်စဉ်တွင်
Baekhyun အံ့အားသင့်သွားရသည်။

Miss call နီနီသည် အဖေမဟုတ်ပဲ
Chanyeol ဖြစ်နေခဲ့တာပဲဖြစ်သည်။

တစ်ခါပဲ ခေါ်ထားသည့် ph call ဆိုပေမယ့်
ဘာကြောင့်ရင်တွေ ဒီလောက်ခုန်သွားရပါသနည်း။

ဒါ ပထမဆုံးအကြိမ်ဖြင့် Chanyeol
သူ့ကိုဖူန်းခေါ်ခြင်းဖြစ်ပါသည်။

ပြန်ဆက်ရင်ကောင်းမလား။
ခေါ်ထားသည့်အချိန်နဲ့အခုကြားထဲတွင်
၁နာရီကျော်ကျော်လောက်ဟနေပြီ။

ဒါပေမယ့်..

အတွေးမျိုးစုံနဲ့ပဲ Baekhyun မျက်လုံးမှိတ်ကာ
ဖုန်းနံပါတ်ကို လက်မဖြင့်ထိနှိပ်လိုက်သည်။

တီ...

ဟူသော ဖုန်းခေါ်သံသည်
ဒီလောက်ရင်ခုန်စရာကောင်းလိမ့်မယ်
လို့ မတွေးထားမိရိုးအမှန်ပါ

" baekhyun ''

Chanyeol ခေါ်သံသည်
အအေးလိုင်းဖြတ်သွားသကဲ့သို့ခဲသွားစေသည်

Baekhyun ကုတင်ပေါ်တွင်ထိုင်ကာ
ဖူန်းပြောဖို့အရှိန်အရင်ယူလိုက်သည်။

Take the way To Love /Season 2/ (Completed) Where stories live. Discover now