7

11.1K 1.3K 22
                                    

လူသံများ ကားသံများ အသံမျိုးစုံတို့ရောနှောကာ
စည်ကားနေတဲ့ ကျောင်းဆင်းချိန်သည်
စိတ်ပျက်စရာကောင်းလွန်းသည်။

ကျောင်းဝကို တစ်လှမ်းချင်းလျှောက်နေသော
Baekhyun ၏ခြေလှမ်းတွေထိုင်းမှိုင်းနေသည်။

အခုတွေးနေမိတာက ဘယ်ကိုသွားရမလဲဆိုတာပဲ
ဖြစ်သည်။

မနက်က chanyeol ကားနဲ့လိုက်ခဲ့တာမို့လို့
သူ့၏ကားလည်းမပါ။ဆိုင်ကယ်လည်းမပါ။
နေရာကိုလည်း မမှတ်မိတာကြောင့်
ကားငှါးဖို့လည်းအဆင်မပြေပေ။

ဖုန်းဆက်ရအောင်လည်း contact
ထဲတွင်အဖေတစ်ယောက်သာရှိသည်။

ကျောင်းပြင်သို့ ရောက်ချိန်တွင်တော့
Baekhyun သက်ပြင်းချကာ
ညာဘက်ကပလက်ဖောင်းပေါ်၌သာ
ဆက်၍လျှောက်နေတော့သည်။

မတတ်နိုင်။လမ်းပျောက်သွားလည်းအေးသည်။
အဲ့ဒီအိမ်ကို ပြန်ရမှာထက်စာရင်
ဒီညနေခင်းမှာ လမ်းလျှောက်နေရတာက
ပိုပြီးအဆင်ပြေသည်။

" တီ... ''

အနောက်ခပ်လှမ်းလှမ်းမှ
ကားဟွန်းတီးသံတစ်ခုကို baekhyun
ကြားလိုက်ရသည်။

ဟွန်းသံတွေက ထိုအသံတစ်ခုထဲမဟုတ်သည်ကြောင့်
လှည့်မကြည့်ပဲ ဆက်လျှောက်သော်လည်း

" တီ..တီ... ''

အသံကနည်းနည်းနီးကပ်လာပြီဖြစ်သည်။

Baekhyun ခြေလှမ်းတွေကို ရပ်လိုက်သည်။

" တီ..တီ..''

ဒီအသံကတော့ သူရပ်နေသောပလက်ဖောင်း၏ဘေးတွင်
လာရပ်သောတစ်စီးထံမှ ဟွန်းသံဖြစ်သည်။

Baekhyun လှည့်ကြည့်လိုက်တဲ့အခါ

ကားမှန် အောက်သို့ကျလာပြီး
စီယာတိုင်ကိုင်ထားတဲ့ လက်ဖြူဖြူကို
အရင်မြင်လိုက်ရသည်။

လက်လေးမြင်ရုံမျှ ဘယ်သူလည်းတန်းသိတာကြောင့်
ကိုယ့်ကိုယ်ကိုပင် အံသြရတဲ့အဖြစ်။

" တတ်။မင်းကို လာခေါ်တာ ''

Chanyeol ပြတင်းပေါက်မှ
ငုံ့ကြည့်ကာ လှမ်းပြောလာသည်။

ဝန်ခံရလျှင် ပျော်မိသွားသည်ထင်။

မရှင်းသောစိတ်ကို ဆက်မရှင်းတော့ပဲ
Baekhyun ကားတံခါးဖွင့်ပြီးသာတတ်လိုက်တော့သည်။

Take the way To Love /Season 2/ (Completed) Where stories live. Discover now