အလုပ်ပြီးပြီးချင်းပဲ အိမ်ကိုတစ်ချိုးတည်းchanyeol
အမြန်ပြေးရသည်။ခုနက လာတဲ့မိန်းကလေးက
အဖေ့၏အတွင်းရေးမှူးဖြစ်၏။Chanyeol နှင့်လည်း
ငယ်စဉ်ကတည်းကကျွမ်းဝင်နေခဲ့သူဖြစ်၍
ရှားရှားပါးပါးမိန်းကလေးသူငယ်ချင်းဆိုလည်းမမှားပေ။ဒါကို ဟိုကောင်က မင်းရဲ့အဆက်ဟောင်းကြီးလို့
ပြောချလိုက်လို့ Baekhyun
စိတ်ထဲထင့်သွားတာသူမြင်လိုက်သည်။သို့သော်လည်း ကုမ္ပဏီကိစ္စမို့ မျက်နှာလွှဲခဲ့လို့မရ။
စကားပြောဖို့
အနည်းငယ်လောက်ကြာနိုင်မည်ဖြစ်တာမို့
ခဏစောင့်ရန် ဖုန်းဆက်ပြောမိသည့်အခါ
အလုပ်သာ ပြီးအောင်လုပ်။အိမ်မှာစောင့်နေမယ်ဆိုပြီး
Baekhyun ပြန်သွားသည်။စိတ်ဆိုးသွားတာလား။စိတ်ထင့်သွားတာလား။
ဘာပြဲဖစ်ဖြစ်သူမှားသည်ဖြစ်သည်မို့
မျက်နှာပိုးကိုသတ်ထားရသည်။
သူ့ကောင်လေး စိတ်ဆိုးရင် ကြောက်စရာကောင်းတာ
သူပဲသိသည်လေ။ခြံရှေ့ကိုရောက်တော့ ကားကိုအမြန်ထိုး၍ရပ်။
မပြေးရုံတစ်မယ်ခြေလှမ်းတွေနဲ့ ဘဲလ်မတီးတော့။
သူသိသော ကုတ်နံပါတ်ကိုအမြန်ရိုက်ပြီး အိမ်ထဲကိုဝင်လာတဲ့အခါ Baekhyun သည်
အိမ်၏အလယ်မှဆိုဖာပေါ်တွင်
တစ်စောင်းလှဲအိပ်ရင်း လက်တစ်ဖက်က
တံတောင်ကိုနားထင်၌ထောက်၍
အရှေ့ကတီဗီကိုကြည့်နေသည်။သူပြန်လာသည်ကို မြင်တော့ တစ်ချက်သာလှမ်းကြည့်၏
စိတ်ကောက်တယ်လို့ပြောရင် ဒေါသထွက်နိုင်တာမို့..
စိတ်ဆိုးနေသည့်ပုံပေါ်သော ချစ်ရသူထံ
လျှောက်သွားပြီး တစ်ယောက်သာအိပ်၍ဆံ့သော ဆိုဖာပေါ်
အတင်းဝင်တိုးရင်း ရင်ဘတ်နားကိုမျက်နှာကပ်ကာ
ဖက်မိသည်။"ချမ်းလိုက်တာ''
ဘာမပြော ညာမပြောနှင့်တစ်ခါထဲ
ရင်ခွင်ထဲသို့တိုးဝင်လာတဲ့chanyeol ကြောင့်
Baekhyun ပြုံးစိစိတော့ဖြစ်သွားပါသည်
ဒါမယ့် မျက်နှာကိုပြန်တည်လိုက်ပြီးလေသံမာမာနဲ့ပြောလိုက်သည်။" ဟာဗျာ.. တီဗီကိုမမြင်ရတော့ဘူး ''
အားမထည့်ပဲ chanyeol ၏ပုခုံးကိုတွန်းတော့
Baekhyun ကိုပိုပြီးတင်းကျပ်အောင်
ပွေ့ဖက်လာသည်။