32

13.1K 1.5K 92
                                    

ဒီလောက် အေးစိမ့်နေတဲ့ရာသီဥတုမှာ
ရပ်စောင့်နေရတဲ့ဘဝကလည်း သိပ်တော့မသေးလှ။

ချမ်းလွန်းတာမို့ chanyeol လက်ဖဝါးနှစ်ခုကို
အကြိမ်ကြိမ်ပွတ်သပ်နေမိသည်။

Suprise လုပ်ချင်လွန်းလို့
မနက်ထဲက ထွက်စောင့်နေခဲ့တာ။
Baekhyun ၏အဖေကိုကျောင်းကိစ္စတစ်ခုခု
ရှိလို့ပါဆိုပြီး အကူအညီတောင်းပြီး
မုန့်ကျွေးမလို့ ပါလို့ လိမ်ပါပြောမိခဲ့သေးတယ်

ငရဲတွေလည်း နောက်ဘဝမှခံပါမယ်
အခုတော့ အရင်ဝအောင်ချစ်ပါရစေ

အခုထိထွက်မလာသေးတော့
ဒီလူကအေးပြီးခဲတော့မည်။

အသံကြားလိုက်လို့ chanyeol ချက်ချင်းခြေဖျားထောက်ကာ ခြံထဲကိုကျော်ကြည့်လိုက်သည်။

အဖြူရောင်လုံးလုံးလေး တံခါးဖွင့်ပြီး
ထွက်လာသည်ကိုမြင်လိုက်ရလေသည်။

Chanyeol ကားထဲမှ
ဗူးကို အရင်ထုတ်၍ကြည့်ပြီး
အားပါးတရပြုံးမိသည်။
လက်ဆောင်လေးတစ်ခုပေးဖို့
ဒီလောက်ရင်ခုန်ရလိမ့်မယ်လို့မတွေးခဲ့ဖူးအမှန်ပါ

Baekhyun အဖေခေါ်လို့ထွက်လာတာဖြစ်သည်။
အိပ်ကောင်းကောင်းနဲ့ အိပ်နေသော်လည်း
အဆက်မပြတ်
ဖုန်းခေါ်နေသည့်အဖေကြောင့်
မနက်စောစောပြသာနာကတတ်ရသေးသည်။

ကြိုလည်းမပြောပါပဲ အနီးကပ်ပြီး
ဟိုဟာလုပ် ဒီဟာလုပ်ဆိုတော့
အိပ်ချင်မူးတူးနဲ့ဒီလူက တင်းရော

မျက်နှာသစ်ပြီး အနွေးထည်ကောက်ဝတ်ကာ
ထွက်လာတာမို့ baekhyun ၏မျက်နှာလေးတွင်
ရေစက်လေးများပင်မပြောင်သေးပါ

စောင်ကြားထဲမှ ကုန်းထခဲ့မှန်း သိသိသာသာကို
ရှုပ်ပွ နေပါသောခေါင်းပေါ်က
ဆံပင်ငှက်သိုက်ကသက်သေ။

မျက်လုံးသည် အရှေ့ကိုမမြင်ရမှာစိုးလို့သာ
အားတင်းဖွင့်ထားရတာဖြစ်သည်။
မျက်ခွံတို့သည် အဖိုအမ သံလိုက်ဆွဲအားလို
ပူးကပ်နေကြသည်။

Baekhyun သူ့ကိုယ်သူ
ဘာပုံပေါက်နေမှန်းသိသည်။
ဒါပေမယ့်အရမ်းချမ်းနေတာမို့်
ဘာမှလုပ်ချင်စိတ်မရှိတာ

ဘောင်းဘီအပွအရှည်ကြီးနှင့် ခြေတစ်လှမ်းကို
လေးလံစွာလှမ်းရင်းလျှောက်လာပြီးသည့်နောက်
ခြံတံခါးကိုဆွဲဖွင့်လိုက်သည်။

Take the way To Love /Season 2/ (Completed) Where stories live. Discover now