31

11.2K 1.4K 80
                                    

" ငါဘာလို့ရောက်လာတာလဲလို့
မမေးဘူးလား Baekhyun ''

အချိန်အတန်ကြာ ထွေးပိုက်ထားပြီးသည့်နောက်
Chanyeol တိုးတိတ်စွာ မေးလိုက်သည်။

မေးခွန်း၏နောက်တွင်
Chanyeol ၏ခါးအနားကို Baekhyun ပိုပြီး
တင်းကျပ်အောင်ပွေ့ဖက်လာလေသည်။

" မမေးတော့ဘူး

အဲ့ဒီမေးခွန်းတွေ အသုံးမလိုတော့ဘူး ''

" ဘာကိုလဲ ''

ရင်ခွင်ထဲမှ baekhyun အား
Chanyeol ခေါင်းငုံ့ကာမေးမိသည်။
Baekhyun သည် ဖြည်းဖြည်းချင်း chanyeol
ကိုမော့ကြည့်လာလေသည်။

မျက်နှာလေးကို မြင်လိုက်ရချိန်မှာတော့ Chanyeol
အရမ်းအံ့အားသင့်သွားရသည်။

Baekhyun မျက်ရည်ကျနေသည်လား

" ကျွန်တော် မေးတာတွေ ခင်ဗျားမဖြေလည်းရတယ်
ဘာစကားမှ ခင်ဗျားမပြောလည်း ရတယ်

ဒါပေမယ့်

" ခင်ဗျားကို ကျွန်တော် ပိုင်တယ် Chanyeol ''

ချက်ချင်းပြုံးမိသွားသည်အထိကို
Baekhyun စွမ်းသည်။

ပြုစားပါလေ
စုံမှိတ်ပြီး ရူးခဲ့မိပြီးပြီ

ပြုံးပြီးကြည့်နေသော chanyeol ၏
မျက်နှာကို baekhyun လက်နှစ်ဖက်လုံးဖြင့်
အုပ်ကိုင်လိုက်သည်။

ခြေဖျားကိုထောက်လိုက်ချိန်မှာ
Baekhyun ၏မျက်နှာသည် chanyeol နှင့်
ပိုမိုနီးကပ်သွားသည်။

တစ်ယောက်၏ အသက်ရှုသံတစ်ယောက်ပြန်ကြားနေရသည့် ဒီအခိုက်အတန့်

အနှိုင်းမဲ့စွာ ခုန်ပေါက်လာသော
ရင်ကို ထိန်းရင်း ဖြင့်

Chanyeol ၏မျက်ဝန်းတွေကို အနီးကပ်ဆုံးအကွာအဝေး
မှကြည့်ပြီး baekhyun တစ်လုံးချင်းပြောမိသည်။

" ခင်ဗျားမရှိပဲ ကျွန်တော်နေလို့မရဘူးထင်တယ် ''

စကားဆုံးချိန်၌ ချက်ချင်းထိကပ်လာသော
နှုတ်ခမ်းပါးပါးလေးသည်
Chanyeol ၏နဖူးပြင်ဆီသို့ ကျရောက်သည်

ဘယ်တော့မှ နောက်ထပ်ခွဲခွာရန်ခွင့်မပြုတော့ပါ
ဘယ်တော့ မှ ဒီတွဲလက်ကိုမဖြုတ်တော့ပါ

Take the way To Love /Season 2/ (Completed) Where stories live. Discover now