16

10.3K 1.2K 11
                                    

ညနေပိုင်းရုံးဆင်းချိန်သည်
အခါတိုင်းထက် ကားပိတ်နေသည်။
Chanyeol စိတ်ပဲထင်တယ်လားတော့မသိဘူး။

ဒါရိုက်ဘာနှင့်ဆိုရင်တောင်ကားလမ်းကြောင်း
ဖြောင့်ဖြူးသလောက် သူကိုယ်တိုင်မောင်းသည့်
အခါများတွင် ရှေ့တိုးမရအောင်ကျပ်သည်။

မီးပွိုင့်ကိုလွန်တဲ့အခါ လမ်းကြားတစ်ခုသို့
Chanyeol ကွေ့ဝင်လိုက်သည်။

နေဝင်တော့မည့် ဝါရင့်ရင့်အလင်းရောင်သည်
ညနေပိုင်း၏အလှကို အားကူဖြည့်ကာ
သာယာစေသည်။

နောက်ထပ်လမ်းသွယ်တစ်ခုသို့ ကားကိုကွေ့လိုက်သည့်အခါ
ညာဘက်မှ ပလက်ဖောင်းတွင် လမ်းလျှောက်နေသော
ကောင်လေးတစ်ယောက်ကို
Chanyeol မြင်လိုက်ရသည်။

ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ
တစ်လှမ်းခြင်းလျှောက်လာတဲ့ခြေလှမ်းတွေသည်
အားအင်မရှိသလို လျော့ရဲနေသည်။

Chanyeol နှင့်မျက်နှာချင်းဆိုင်
လမ်းလျှောက်လာခြင်းဖြစ်သည်။

နားကြပ်အဖြူလေးကို နားတွင်တပ်ကာ
လျှောက်နေသော Baekhyun
မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များဖြင့်ပြည့်နှက်နေလျက်။
အခုမှ ရခဲ့သောဒဏ်ရာဖြစ်သည်မှာလည်း
သိသိသာသာ။

Chanyeolကားကို Baekhyun မမြင်ပါ။
ဘေးမှ ဖြတ်လျှောက်သွားသည့်အချိန်မှာ
Chanyeol မြင်လိုက်ရတာ
ပေါက်ပြဲနေသော လက်ဖမိုးတစ်ခုကိုဖြစ်သည်။

Chanyeol ကားလမ်းကြောင်း
အတိုင်းဆက်မောင်းလာခဲ့သည်။
အိမ်သို့ရောက်တဲ့အခါ ခြံထဲတွင်
Baekhyun ၏ကားရပ်ထားသည်။

သတိထားမိတော့မှ ခုနက Baekhyun တွင်
လွယ်အိတ်လည်းမပါ။
ဆိုင်ကယ်လည်းမပါပေ။

တစ်ခုခုဖြစ်ထားတယ်ထင်တယ်
မျက်နှာမကောင်းတာကိုကြည့်ရင်။

ဒါပေမယ့် baekhyun ပုံစံကမြင်လိုက်တိုင်း
ဒီလိုပါပဲ။လောကကြီးကို ကျောခိုင်းထားသူလို
ပုံစံမျိုး။

Chanyeol အိမ်ထဲသို့ ဝင်လာခဲ့ရင်းမှ

" ပြန်လာပြီလား သား  ''

ဧည့်ခန်းတွင် ရပ်နေသော
အန်တီ့၏ခေါ်သံကြောင့်
အတွေးတို့ပြတ်သွားသည်။

Take the way To Love /Season 2/ (Completed) Where stories live. Discover now