22

12.1K 1.4K 57
                                    

ပုံမှန်ထက် ပိုကဲကာ
ချမ်းနေတဲ့ ရာသီဥတုကြောင့်
Chanyeol အနွေးထည်များအထပ်ထပ်ဝတ်ထားရသည်။

တကယ်တော့ မနေ့က ညကတည်းက
တော်တော်အေးနေပြီဖြစ်သည်။
ဆောင်းတွင်းဝင်နေပြီမို့လို့ထင်တယ်

မနက် ၈နာရီတွင်
ပြတင်းပေါက်မှ တိုးဝင်နေတဲ့
အလင်းရောင်ကအားပျော့ကာ
နွေးထွေးနေသည်။

ထိုပြတင်းပေါက်ဘေးမှ
ကုတင်တွင်တော့ စောင်ပုံတွေထဲမှာ
အိပ်ပျော်နေသေးသော အဖြူရောင်လုံးလုံးလေး
တစ်ကောင်ရှိနေသည်။

စောင်အရောင်က အဖြူဖြစ်တာရော။
အင်္ကျီအဖြူဝတ်ထားတာကြောင့်ရော
ပန်းနုရောင်ကိုကျော်လွန်ဖြူစွတ်နေတဲ့
အသားနုနုလေးကြောင့်ရော

အဝေးမှ Chanyeol လှမ်းကြည့်စဉ်တွင်
ဖွာကျဲနေသော ဆံပင်တွေနဲ့Baekhyun
သည်ယုန်ပေါက်ငယ်တစ်ကောင်နဲ့ တူနေသည်။

နားရွက်လေးသာ ထောင်နေပြီးအမြီးသာပါခဲ့ရင်
တကယ်ကို ယုန်ြဖူလေးအတိုင်းလုံးနေမှာ။
ဒါပေမယ့် ဒေါသကြီးတဲ့ ယုန်ဖြူလေးတော့
ဖြစ်လိမ့်မည်။

Chanyeol ကုတင်နားသို့လျှောက်သွားကာ
အနီးကပ်ကြည့်လိုက်သည်။

နည်းနည်းလေးဟနေတဲ့ နှုတ်ခမ်းကပါးပါးလေး။
မနေ့ကတော့ သူ့လက်ချက်နဲ့နီရဲနေတာ။

ဘေးကစောင်ကိုယူပြီး baekhyun ၏
ပေါ်နေသော မျက်နှာကို
အုပ်ကာ chanyeol ပြန်ထွက်လာခဲ့သည်။

အိပ်တာတောင် နမ်းချင်စရာကောင်းအောင်အိပ်တတ်တယ်

ချစ်ဖို့ကောင်းတဲ့ ရုပ်လေးကလည်း
ဆေးမှားထားသလားပဲ

ဒါတောင် မျက်နှာက အရယ်အပြုံးမရှိလို့။
မဟုတ်ရင် chanyeol လွယ်မည်ပင်မထင်။

ကမ်းခြေကို လေကောင်းလေသန့်ရှုရန်
ထွက်လာသည့် လမ်းတစ်လျှောက် ပျံသန်းနေသော
ငှက်တွေ၏တောင်ပံခတ်သံတို့ညင်သာနေလွန်းသည်။

အချမ်းဒဏ်ကြောင့်
သိပ်တော့မဆင်မပြေပေမယ့်
နေရောင်နွေးနွေးလေးက ဖြေသာပါသေးသည်။

....

....

အရမ်းချမ်းတာကြောင့် Baekhyun နိုးလာသည်။
မနေ့က ညကရန်ဖြစ်ခဲ့ကြတာ တော်တော်နဲ့ကိုမအိပ်ရ။

Take the way To Love /Season 2/ (Completed) Onde histórias criam vida. Descubra agora