" Baekhyun ကျောင်းအဆင်ပြေလား ''
ဆိုင်ကယ် စက်နှိုးဖို့ပြင်နေတဲ့
Baekhyun နားသို့ အဖေလမ်းလျှောက်လာလေသည်။အဖေ့ကြည့်ရတာတော်တော်အေးနေသည့်ပုံပေါ်သည်။
အနွေးထည်သုံးထပ်။ခြေအိတ်လက်အိတ်များက
အရောင်စုံတောက်လျက်။ခေါင်းစွပ်ကြီးပါ
စွပ်ထားသေးသည်။" အဖေ ကိုယ့်အိမ်ကိုယ်ပြန်ဖို့စိတ်ကူးမရှိဘူးလား ''
အဖေသည် ရင်ကိုပိုပြီးမတ်မတ်ကော့သည်။
" ဒါငါ့ပိုက်ဆံနဲ့ဝယ်ထားတဲ့အိမ်
မင်းစကားကိုရှေ့နောက်ကြည့်ပြော ''Baekhyun ဆက်မပြောတော့ပဲ
ဆိုင်ကယ် ဦးထုပ်ကိုဆောင်းလိုက်သည်။လီဘာကိုဆွဲရန်ပြင်လိုက်စဉ်ပင်
အဖေက Baekhyun ၏လက်ကောက်ဝတ်ကို
လှမ်းကိုင်လေသည်။" ဟေ့ကောင် နေအုန်းလို့ ''
Baekhyun စိတ်မရှည်စွာဖြင့်
ဦးထုပ်၏မှန်ကိုတင်လိုက်သည်။
ပေါ်နေသော နှာခေါင်းလေးသည်
ဖြတ်တိုက်သွားသော လေကြောင့်
စိမ့်ခနဲအေးသွားသည်။" ပြောအဖေရာ။ အေးရတဲ့အထဲ ''
" အခုကျောင်းသွားမလို့လား ''
" ကျောင်းမှမအပ်ရသေးတာ ''
" ဟာ..အခုထိမင်းမအပ်သေးဘူးလား။
ဘာလုပ်နေလဲ ဒီအတောအတွင်းမှာ ''" အဖေအပ်လေ။ ကျွန်တော်ကဘာလုပ်ရမှာလဲ ''
အဖေသည် လည်ပင်းတွင်ပတ်ထားသော
မာဖလာကြီးကို အနည်းငယ်ဖြေလျော့လိုက်သည်။" မင်းအသက်ဘယ်လောက်မို့လို့်
ငါက လိုက်အပ်ပေးနေရမှာလဲကွ ''" ဟိုလူတောင် ကိုယ်တိုင်အပ်ပေးတာ
အဖေက.. ''ပါးစပ်မှ ထွက်သွားရင်းကမှ
သူဘာစကားပြောမိလိုက်လဲ baekhyun
ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်သည်။ချက်ချင်းသူ့ရင်ဘတ်က တစ်မျိုးကြီး
ဖြစ်လာလေသည်။" ဘာလဲ ဘယ်သူလဲ
နေအုန်း
အဲ့တော့မင်းအခု ဘယ်သွားမလို့လဲ ''" ဘယ်သွားသွားပေါ့အဖေရာ။
တကယ်ဘာဖြစ်နေတာလဲ ''" နေစမ်းပါအုန်းကွာ ''